အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်တဲ့ (RSV) နဲ့ ပတ်သက်ပြီး သိထားသင့်သောအချက်များ

====

မတ် ၂၃၊ ၂၀၂၆

Zalen

Zalen ad

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်တဲ့ Respiratory Syncytial Virus (RSV) ဟာ ကမ္ဘာတဝန်းတွင် အထူးသဖြင့် ကလေးငယ်များနဲ့ အသက်ကြီးသူများအကြား ပျံ့နှံ့မှုတွေရှိနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားပါတယ်။

RSV ဟာ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်ပြီး အအေးမိရောဂါနဲ့ ဆင်တူသည့် လက္ခဏာများဖြစ်ပေါ်စေသော်လည်း ကလေးငယ်များတွင် အဆုတ်ရောင်ရောဂါနှင့် လည်ချောင်း ပိတ်ဆို့ခြင်း များကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးများ၊ မွေးကင်းစကလေးများနှင့် အသက်ကြီးသူများတွင် ပိုမိုဖြစ်နိုင်ကြောင်း သိရပါတယ်။

RSV ရောဂါရဲ့ အဓိကလက္ခဏာများမှာ

  • နှာချေခြင်း၊ နှာရည်ယိုခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှူခက်ခဲခြင်း
  • ဖျားနာခြင်းတို့ ဖြစ်တတ်ပါတယ်။

ရောဂါကူးစက်မှုဟာ ချောင်းဆိုး၊ နှာချေခြင်းမှ ထွက်လာသော အမှုန်များမှတဆင့် အလွယ်တကူ ကူးစက်နိုင်ပြီး လူစုလူဝေးများတွင် ပိုမိုလျင်မြန်စွာ ပျံ့နှံ့နိုင်ပါတယ်။

ကျန်းမာရေးအဖွဲ့အစည်းများက RSV ကူးစက်မှုကို ကာကွယ်ရန်အတွက်

  • လက်ကို မကြာခဏ ဆေးကြောရန်
  • ဖျားနာနေသူများနှင့် အနီးကပ်မနေကြရန်
  • ကလေးငယ်များကို လူအများစုနေရာများမှ ကာကွယ်ရန်
  • ချောင်းဆိုး၊ နှာချေစဉ် မျက်နှာဖုံးအသုံးပြုရန် တို့ကို အထူးအရေးကြီးကြောင်း အကြံပြုထားပါတယ်။

RSV သည် လူအများအတွက် အလေးထားစရာရောဂါတမျိုးမဟုတ်ပေမယ့် ကလေးငယ်များနဲ့ အသက်ကြီးသူ များအတွက် ပြင်းထန်နိုင်သဖြင့် လက္ခဏာများ ပြင်းထန်လာပါက ဆေးရုံသို့ ချက်ချင်း သွားရောက် စစ်ဆေးရန် လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားပါတယ်။

မိုင်

ဓာတ်ပုံ-လူမှုကွန်ယက်

#ကျန်းမာရေးသတင်း#RSV #Zalen

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်