စစ်အုပ်ချုပ်မှု ကာလအတွင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ ဟု ကုလသမဂ္ဂ ထုတ်ပြန်

စစ်အုပ်ချုပ်မှုအောက် ရောက်နေသည့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ပြီးခဲ့သည့် နှစ်ထဲတွင် ၃၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ခြောက်နှစ်တာ ဆက်တိုက် ကျဆင်းနေရာမှ ပြန်လည် မြင့်တက်သွားခြင်းဖြစ်သည် ဟု ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂက ထုတ်ပြန်သည်။

ထိုကဲ့သို့ မြင့်တက်လာမှုသည် မြန်မာစစ်တပ်က လွန်ခဲ့သည့် နှစ်နှစ်ခန့်က စစ်အာဏာ သိမ်းပြီးစဉ် ကတည်းက ဖြစ် ပေါ်လာသည့် နိုင်ငံရေး၊ စီးပွားရေး ပဋိပက္ခများနှင့် တိုက်ရိုက်ဆက်နွယ်နေသည် ဟု ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး ( UNODC ) မှ အရာရှိ တစ်ဦးက ဆိုသည်။

“ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးမှာ ထိခိုက် ဆုံးရှုံးမှုတွေကအတော်များလာခဲ့ပြီး ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေနဲ့ ပဋိပက္ခ ဒဏ်ခံနေရတဲ့ ဒေသတွေက တောင်ယာ လုပ်သူတွေဟာ ဘိန်းပြန်စိုက်ဖို့က လွဲပြီး တခြားနည်းလမ်းတွေ မရှိသလောက် ဖြစ်လာရတယ်” ဟု UNODC မှ ဒေသတွင်းကိုယ်စားလှယ် Jeremy Douglas က ဆိုသည်။

Photo Credit: RFA Burmese

စစ်အာဏာသိမ်းပြီးစဉ် ကတည်း မြန်မာ ကျပ်ငွေ တန်ဖိုးမှာ တဟုန်ထိုးကျဆင်းခဲ့ပြီး စားသောက်ကုန်နှင့် လောင်စာဆီ ဈေးနှုန်းများ မှာလည်း တရိပ်ရိပ် တက်လာခဲ့ကာ စီးပွားရေးမှာ တောက်လျှောက် ကျဆင်းခဲ့သည်။

“ တခြား ရွေးစရာလည်း မရှိတဲ့ အပြင် စီးပွားရေး မတည်ငြိမ်မှုကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုက ဆက်ပြီးကျယ်ပြန့်လာဖို့ ရှိတယ်” ဟု UNODC မှ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံ Benedikt Hofmann က သတိပေးခဲ့သည်။

၂၀၂၂ ခုနှစ်ထဲတွင် ဘိန်းစိုက်ပျိုးမှုဧကသည် ၉၉,၀၈၉ ဧက အထိ တိုးလာပြီး ဘိန်းအထွက်မှာ ၄၁ ရာခိုင်နှုန်း တိုးလာပြီး ၂.၅ ဧက လျှင် ၄၄ ပေါင်ခန့် ထွက်ရှိခဲ့သည်။ ထိုပမာဏမှာ UNODC က စတင်၍ မှတ်တမ်းတင်ခဲ့သည့် ၂၀၀၂ ခုနှစ်မှ စကြည့်လျှင် အမြင့်ဆုံး ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံများနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည် အရှေ့ပိုင်းတွင် ဘိန်းစိုက်ပျိုးမှုမှာ ၃၉ ရာနှုန်း အထိ တိုးလာခဲ့သည်။

၂၀၂၂ ခုနှစ် အစီရင်ခံစာသည် အဓိက အားဖြင့် ဂြိုလ်တုမှ ရသည့်အချက်အလက်များကို အသုံးပြုကာ စိုက်ပျိုး ဧကများကို တွက်ချက်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ဘိန်းစိုက်ပျိုးမှု ဈေးကွက်သည် အိမ်နီးချင်းနိုင်ငံများကို မှောင်ခိုသွင်းခြင်းဖြင့် ကမ္ဘာ့ဈေးကွက်များကို တင်ပို့ခြင်းမှ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ နှစ်ဘီလျံခန့် ရရှိနိုင်သည် ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်