ဆမီးမြို့ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၄ ဦး CDF ပလက်ဝထံ အလင်းဝင်

၁၅၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝထံ လက်နက်အပြည့်စုံဖြင့် အလင်းဝင်လာတယ်လို့ CDF(ပလက်ဝ)ထံက သိရှိရပါတယ်။

အဲ့ဒီ ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဆမီးမြို့ အမှတ် ၂ ရပ်ကွက် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့က CDF-ပလက်ဝထံ လက်နက်အပြည့်စုံနဲ့ အလင်းဝင်ရောက်လာပြီး ၎င်းတို့ကို ဘေးကင်းလုံခြုံတဲ့ နေရာသို့ပို့ဆောင်ပေးခဲ့တယ်လို့ CDF ပလက်ဝက Zalen ကိုပြောပါတယ်။

Zalen ad

” ဆမီး ရဲစခန်းက ရဲ ၄ ဦး လက်နက်အပြည့်စုံနဲ့ ၁၂ ရက်နေ့က ကျွန်တော်တို့ CDF ပလက်ဝထံ အလင်းဝင်လာပါတယ်။ အဲ့ဒီ ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဘယ်သေနတ်အမျိုးနဲ့ ဘယ်ရာထူးလဲဆိုတာတော့ မသိရသေးဘူး။ အခုသူတို့ကို လုံခြုံတဲ့နေရာ ရောက်ပြီးလို့ ပြောပါတယ်။ အသေးစိတ်တော့ နောက်မှ အဖွဲ့က ထုတ်ပြန်မယ်ထင်တယ်။” ဟု ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က ၎င်းရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ သေနတ် ၄ လက်နဲ့ ထွက်ပြေးသွားတယ်လို့ဆိုကာ ဆမီးရဲစခန်းနဲ့ ဆမီးဗျူဟာကုန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့အနှံလိုက်ရှာသေးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် CDF ပလက်ဝထံ နိုဝင်ဘာ ၂၉ ရက်နေ့က ရှင်းလက်ဝ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး၊ ဒီဇင်ဘာ ၇ ရက်နေ့က ရှင်းလက်ဝ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၈ ဦး စုစုပေါင်း ၁၀ ဦး အလင်းဝင်လာပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်