တမူးမြို့တွင် သုံးရက်ဆက်တိုက်မူးယစ်ဆေးကြောင့် သေဆုံးတဲ့အလောင်းတွေ့ရှိ

ဒေမီယံ / အောက်တိုဘာ ၁၊ ၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ မူးယစ်ဆေးဝါးကြောင့် လမ်းဘေးမှာသေဆုံးတဲ့ အလောင်းတွေ့ရှိတာ သုံးရက်ဆက်တိုက်ရှိနေတယ်လို့ တမူးဒေသခံတွေဆီက သိရပါတယ်။

တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် ဗိုလ်နိုင်ဝင်းလမ်းဘေးမှာ အောက်တိုဘာ ၁ရက်နေ့ မနက် ၁၀နာရီခွဲဝန်းကျင်က မူးယစ်ဆေးလွန်ကာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရပြီး၊ စက်တင်ဘာ ၃၀ရက်နေ့ကလည်း ဆေးလွန်သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အလောင်းတစ်လောင်းကို တွေ့ခဲ့ရတဲ့အတွက် တမူးမြို့ “နိဗ္ဗာန်လမ်းအသင်း” က အလောင်းများကိုသွားရောက်သယ်ဆောင်ကာ သဂြိုလ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

တမူးမြို့ ကျွန်းတော(ဒေသအခေါ်) ထဲမှာလည်း စက်တင်ဘာ ၂၉ရက်နေ့ မနက် ၁၀နာရီခွဲ ဝန်းကျင်လောက်က ဆေးလွန်သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ရလို့”နိဗ္ဗာန်လမ်းအသင်း” ကပဲ အလောင်းကိုသွားရောက်သယ်ဆောင်ကာ သဂြိုလ်ခဲ့ကြတယ်လို့သိရပါတယ်။

“တမူးမြို့ ကနယ်စပ်မြို့​လေးဖြစ်တာနဲ့အမျှ ပိုင်ရှင်မဲ့ဆေးသမားများနှစ်စဥ် လစဥ်ဆိုသလို ​​သေဆုံးမှု​တွေရှိခဲ့ပါတယ်။ ​​သေဆုံးသူအများစုက​တော့​အားပြတ်​သေဆုံးတာရယ်၊​ ဆေးမရလို့ ​သေဆုံးခြင်း​တွေ​ပေါ့။တချို့ကျလည်း ပိုင်ရှင်ရှိတယ်။ ဆေးသမားဆို​တော့ မိသားစုဝင်တွေ မလာချင်ကြဘူး။တချို့ကျလည်း  အိမ်ကစွန့်ပစ်ထားတယ်။ တချို့ကျ​တော့လည်းနယ်​ဝေးက​။ တချို့က​တော့  လုံးဝကို မိသားစုမရှိတာ​တွေပါ။​ဘယ်လိုအ​ခြေအ​နေမျိုးမှာ ​သေဆုံး​နေပါ​စေ သေဆုံးသွားသူ​တွေရဲ့Dead Body များကို “နိဗ္ဗာန်လမ်း” အသင်းအ​နေနဲ့ သက်ဆိုင်သူ​တွေနဲ့ချိတ်ဆက်ပြီး ​တောကြားထဲ​တွေထိ သွား​ရောက်သယ်​​ဆောင်ပြီးအခမဲ့မီးသဂြိုလ်မှုပြု​ပေးနိုင်ခဲ့ပါတယ်” လို့ “နိဗ္ဗာန်လမ်းအသင်း” မှ အသင်းဝင်တစ်ဦးကသူ့ရဲ့ လူမှုကွန်ယက်ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်