တမူးမြို့တွင် (၁၄)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆက်လက်ဖြစ်ပွားပါက Stay at Home ကြေညာမယ်

အိန္ဒိယ-မြန်မာနယ်စပ် စီးပွားရေးမြို့ဖြစ်တဲ့ တမူးမြို့တွင် ဒီနေ့ကစပြီး (၁၄)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆက်လက်ဖြစ်ပေါ်နေပါက Stay at Home သတ်မှတ်ဖို့ အထက်ကိုတင်ပြမယ်လို့ ဒီကနေ့ဆုံးဖြတ်ကြပါတယ်။

ဒီနေ့ တမူးမြို့အာဏာပိုင်များနဲ့ မြို့နယ်တာဝန်ရှိသူများ အစည်းအဝေးတွင်အထက်ပါအတိုင်းဖြတ်ဆုံးကြပါတယ်။

တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက “ဒီနေ့ကစပြီး ၁၄ရက်အတွင်း
ရောဂါကာကွယ်နိုင်ရေးအသိပညာပေး၊ထိန်းချုပ်နိုင်ရေးတို့ကိုဆောင်ရွက်သွားမည်ဖြစ်ပြီး၊
ရောဂါပိုးတွေ့ရှိမှု ရပ်တန့်မှုမရှိပါက တမူးမြို့အား stay at home သတ်မှတ်နိုင်ရန် အထက်သို့
တင်ပြသွားပါမယ်” လို့ ၎င်းလူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားပါတယ်။

တကယ်ပဲ တမူးမြို့သာ Stay at Home သတ်မှတ်ပါက ချင်းပြည်နယ်နဲ့ ကလေးကဘော်ဒေသက ရာသီပေါ် မြောက်ငိုသီးဈေးကွက်အထိနာမှာဖြစ်ပါတယ်။

တမူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂ ယောက်ရှိပြီး လက်ရှိ ဆေးရုံတွင် ကိုဗစ် လူနာ (၃၀) ကုသလျက်ရှိပြီး ရောဂါကူးစက်သူ (၁၀၅)ဦးရှိပါပြီ။

(Zawgyi)

တမူးၿမိဳ႕တြင္ (၁၄)ရက္အတြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္မႈဆက္လက္ျဖစ္ပြားပါက Stay at Home ေၾကညာမယ္

အိႏၵိယ-ျမန္မာနယ္စပ္ စီးပြားေရးၿမိဳ႕ျဖစ္တဲ့ တမူးၿမိဳ႕တြင္ ဒီေန႔ကစၿပီး (၁၄)ရက္အတြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္မႈဆက္လက္ျဖစ္ေပၚေနပါက Stay at Home သတ္မွတ္ဖို႔ အထက္ကိုတင္ျပမယ္လို႔ ဒီကေန႔ဆုံးျဖတ္ၾကပါတယ္။

ဒီေန႔ တမူးၿမိဳ႕အာဏာပိုင္မ်ားနဲ႔ ၿမိဳ႕နယ္တာဝန္ရွိသူမ်ား အစည္းအေဝးတြင္အထက္ပါအတိုင္းျဖတ္ဆုံးၾကပါတယ္။

တမူးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ႏိုင္ဝင္းက “ဒီေန႔ကစၿပီး ၁၄ရက္အတြင္း
ေရာဂါကာကြယ္ႏိုင္ေရးအသိပညာေပး၊ထိန္းခ်ဳပ္ႏိုင္ေရးတို႔ကိုေဆာင္႐ြက္သြားမည္ျဖစ္ၿပီး၊
ေရာဂါပိုးေတြ႕ရွိမႈ ရပ္တန႔္မႈမရွိပါက တမူးၿမိဳ႕အား stay at home သတ္မွတ္ႏိုင္ရန္ အထက္သို႔
တင္ျပသြားပါမယ္” လို႔ ၎လူမႈကြန္ယက္စာမ်က္ႏွာတြင္ေရးသားထားပါတယ္။

တကယ္ပဲ တမူးၿမိဳ႕သာ Stay at Home သတ္မွတ္ပါက ခ်င္းျပည္နယ္နဲ႔ ကေလးကေဘာ္ေဒသက ရာသီေပၚ ေျမာက္ငိုသီးေဈးကြက္အထိနာမွာျဖစ္ပါတယ္။

တမူးၿမိဳ႕နယ္တြင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသူ ၂ ေယာက္ရွိၿပီး လက္ရွိ ေဆး႐ုံတြင္ ကိုဗစ္ လူနာ (၃၀) ကုသလ်က္ရွိၿပီး ေရာဂါကူးစက္သူ (၁၀၅)ဦးရွိပါၿပီ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်