တောင်ကုတ်မြို့ကို အေအေ သိမ်းပိုက်ရရှိ

Zalen

နိုဝင်ဘာလ ၂၉ရက်၊ ၂၀၂၄ ခုနှစ်

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းမြို့အနီးရှိတဲ့ တောင်ကုတ်မြို့က စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ တိုက်လိုက်သိမ်းပိုက်ရရှိထားတယ်လို့ အာရက္ခတပ်တော် (အေအေ) က မနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက တောင်ကုတ်မြို့ကို အေအေက သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

Zalen ad

စစ်ကောင်စီတပ်ရဲ့ မောင်းတံဂိတ်၊ တက္ကသိုလ်ကျောင်းဝင်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း ဖုန်ညိုတံတား၊ မြို့အဝင် ဂိတ်၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း၊ကြိုးကြာကွင်း၊ ကိုင်းရှည်တံတားထိပ်၊ သီရိဆေးရုံ၊ မြို့မရဲစခန်း စတဲ့နေရာတွေမှာ တပ်စွဲထားတဲ့ တပ်စခန်းတွေကို သိမ်းပိုက်ရရှိပြီး တောင်ကုတ်မြို့ကို သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

တောင်ကုတ်မြို့ကို သိမ်းပိုက်ရရှိပြီးနောက် မြို့အပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်း စတဲ့ တပ်ရင်းတွေကို အေအေ သိမ်းပိုက်ရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့မှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို အေအေက ကယ်ထုတ်ထားပြီး သူခိုးတွေကျန်ရှိသေနေသေးတဲ့အတွက် တောင်ကုတ်မြို့က တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေကြလို့ အေအေက ဖမ်းဆီးအရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က တောင်ကုတ်မြို့အပါဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ သံတွဲ၊ ရမ်းဗြဲ စတဲ့မြို့တွေကို အေအေက ယခုနှစ် သိမ်းပိုက်ရရှိထားပါတယ်။

စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ၊ မောင်တော၊ အမ်း၊ ဂွ စတဲ့မြို့တွေ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးပြီး မောင်တောနဲ့ ဂွမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း – အောက်ချင်း

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်အနီးတဝိုက် စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲ

မေ ၂၁၊၂၀၂၆Zalen ချင်းပြည်နယ် ၊မင်းတပ်မြို့အနီး စိချဲ့ရပ်ကွက်ကို ယမန်နေ့ညနေ ၅ နာရီ ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းက‌ နေဗုံးကြဲတိုက် ခိုက်လို့ ပျက်စီး၊ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံ တွေထံကသတင်းရရှိပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ ရှမ်းတဲ လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ...

ဆက်ဖတ်ရန်