မြောက်ဦးမြို့နယ် လေကြောင်းဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသူ မြိုလူမျိုး ၁၃ ဦးအတွက် အရေးပေါ် ဆေးကုသစရိတ် ကူညီရန် နှိုးဆော်

ဧပြီ ၂၀၊ ၂၀၂၆

Zalen

Zalen ad

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြိုရွာဖြစ်တဲ့ ကျောက်ဆည်ပြင်ကျေးရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မြိုလူမျိုး ၁၃ ဦး အရေးပေါ် ဆေးကုသစရိတ် ကူညီပေးကြဖို့ မြိုတက္ကသိုလ်ကျောင်းသူ/ ကျောင်းသားများအသင်း (MUSA) က ဒီနေ့မှာ တိုက်တွန်း နှိုးဆော်ထားပါတယ်။

မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာရှိ ရွာဘုန်းတော်ကြီးကျောင်းအတွင်းကို စစ်ကောင်စီက မနေ့ ဧပြီလ ၁၉ ရက်၊ မနက် ၁၀ နာရီနဲ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ် ဝန်းကျင်မှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားတာပါ။

“ရွာဘုန်းကြီးကျောင်းကို နှစ်ကြိမ် ဗုံးကြဲသွားတာပါ။ ပထမ တစ်ကြိမ်က မနက် ၁၀ နာရီလောက်မှာ ကြဲပြီး နေ့လယ် ၁၂ နာရီခွဲမှာ ထပ်ကြဲတာပါ။ နှစ်ကြိမ်စလုံးက ဘုန်းကြီးကျောင်းအတွင်း ကျပေါက်ကွဲတယ်”လို့ မြောက်ဦးမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

အဲဒီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ ၃ ပါး အပါအဝင် အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းတို့အနက် အချို့မှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေမှာ ရှင်စန္ဒ၊ ရှင်ဣန္ဒက၊ ရှင်စန္ဒိမာ၊ မောင်ဌေးဝင်း၊ မောင်ဝေယံစိုး၊ ဦးမောင်သိန်းထွန်း၊ မောင်ညီဇော်လင်း၊ ဦးမောင်သာကျော်၊ ဒေါ်မလှ၊ မနီနီစိုး၊ ဦးမောင်နီဖြူ၊ ဦးမောင်သာဖြူ နဲ့ မောင်ဇော်မျိုးဦး တို့ ဖြစ်ကြပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို အရေးပေါ် ဆေးကုသမှုပေးနိုင်ရန်အတွက် မြို တက္ကသိုလ်ကျောင်းသူ/သားများအသင်း (MUSA) က ဦးဆောင်၍ အလှူငွေတွေ ကောက်ခံပေးလျက်ရှိပြီး အလှူငွေတွေ ထည့်ဝေပေးဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

စေတနာရှင် မိဘပြည်သူတွေ အနေနဲ့လည်း Kpay ဖုန်းနံပါတ်တွေဖြစ်ကြတဲ့ Ei Mar Lar Htun – 09883516396၊ Soe Soe Mon – 09424312910 တို့ ဆက်သွယ်လှူဒါန်းနိုင်သလို့ Mro University Students Association ရဲ့ Page Messenger ကလည်း ဆက်သွယ်နိုင်ပါတယ်။

သတင်း-ကိုခူမီး

နောက်ဆုံးရသတင်းများ

အင်အား ၆၀၀ ကျော် စစ်ကောင်စီစစ်ကြောင်း ဗားရ်တံတားကိုကျော်ပြီး ဆူရ်ဘုန်လေဆိပ်နဲ့ ဖလမ်းမြို့ကိုဆက်လက် ဦးတည်နေ

ဧပြီ ၂၀ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည်ပြီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ် အင်အား ၆၀၀ ကျော်ဟာမနေ့ ဧပြီလ ၁၉ ရက် မနက်ပိုင်းမှာ ဖလမ်းမြို့နဲ့ ၁၉ ကီလိုမီတာခန့်သာဝေးတဲ့ မြို့အောက်နားက ဗာရ်းတံတားကိုကျော် လွန်ပြီး ဖလမ်း ...

ဆက်ဖတ်ရန်