ဓာတုပစ္စည်း(ပြဒါး)ကြောင့် ငါးကြင်းဖြူမျိုးစိတ်များ ရှားပါးလာ

KIM

ရွှေထုတ်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်း(ပြဒါး)ကြောင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်ဒေသတဝိုက်တွင် ငါးကြင်းဖြူများ ရှားပါးလာရသည်ဟု ကချင်ပြည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးလကျုံဟောင်းခေါင်က ယခုလ ၁၃ရက်နေ့တွင် ဆိုသည်။

“ပြဒါးသုံးပြီး ဖမ်းတာပါ။ ဓာတ်ပြုတယ်ဆိုတော့ ရေထဲမှာရှိတဲ့ ငါးမျိုးစိတ်တွေနဲ့ မျက်စိနဲ့မြင်လို့မရတဲ့ Genetic(မျိုးရိုးဗီဇ)အားလုံးကို ထိသွားတာပေါ့”ဟု ၎င်းက ဆိုသည်။

“ကျနော်တို့ ဒီမှာ ငါးမဖမ်းပါဘူး။ ဖမ်းခွင့်မရှိတာ မဟုတ်ဘူး။ ငါးမှမရှိတာ”ဟု မြစ်ကြီးနားမြို့ မိုင်းနားရပ်ကွက်-၂မှ တံငါလုပ်ငန်းနှင့်အသက်မွေးသူ ဦးအောင်ရွှေက ဆိုသည်။

လွန်ခဲ့သော နှစ်၂၀ခန့်က မြစ်ကြီးနားနှင့် ဝိုင်းမော်ဒေသတဝိုက်တွင် ငါးကြင်းဖြူများ ပေါများသော်လည်း ယခုအချိန်တွင် ရှားပါးလာပြီဖြစ်သည်ဟု ဦးလကျုံဟောင်းခေါင်က ပြောသည်။

တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော မိုင်းနားရပ်ကွက် – ၂သည်လည်း ယခုအချိန်တွင် မိသားစုလိုက် သစ်မျောဆယ်ခြင်းလုပ်ငန်းအား ပြောင်းလဲပြုလုပ်နေကြပြီဖြစ်သည်ဟု ဦးအောင်ရွှေထံက သိရသည်။

ငါးကြင်းဖြူရှားပါးလာပြီဖြစ်သောကြောင့် နေ့စဉ် ရန်ကုန်မြို့မှ ငါးကြင်းဖြူများ တင်သွားရသည်ဟု ဒေါ်ကြည်အေး ငါးရောင်းဝယ်ရေးက ပြောသည်။

ဓာတုပစ္စည်း(ပြဒါး)သည် ရေထုညစ်ညမ်းမှုကို ဖြစ်ပွားစေသော အကြောင်းတရားတွင် တစ်ခု အပါအဝင်ဖြစ်သည်ဟု စစ်တမ်းအရသိရသည်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်