နှစ် ၁၀၀ ရှိ Harley-Davidson မော်တော်ဆိုင်ကယ်ကို ဒေါ်လာ ၉သိန်းကျော်ဖြင့်ရောင်းချ

၁၉၀၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Harley-Davidson မော်တော်ဆိုင်ကယ်ကို ဇန်နဝါရီလကုန်ပိုင်းတုန်းက ဒေါ်လာ ၉၃၅၀၀၀ ဖြင့်ရောင်းချခဲ့ပြီး ဒါဟာ လေလံတင်ရောင်းချသော မော်တော်ဆိုင်များထဲတွင် တန်ဖိုးအကြီးဆုံးသော မော်တော်ဆိုင်ကယ်ဖြစ်လာခဲ့ကြောင်း Mecum Auctions ရဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

ထိုဆိုင်ကယ်ကို ၁၉၄၁ ခုနှစ် အမေရိကန်နိုင်ငံ၊ ဝစ်ကောန်ဆန်ရှိ စပါးကျီတစ်ခုတွင် တွေ့ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၆၆ နှစ်ကြာ ထိုဆိုင်ကယ်ကို ထိန်းသိမ်းခဲ့ကြပါတယ်။ အင်ဒီယားနားတွင်ရှိသော ပစ္စည်းစုဆောင်းသူတစ်ဦးဖြစ်တဲ့ Paul Freehill က ဒီဆိုင်ကယ်ကို မူလအတိုင်း ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ဆိုကယ်ရဲ့မူလက အသုံးပြုခဲ့သော ဆီအို၊ ဘီး၊ အင်ဂျင်ခါးပတ်၊ ထိုင်ခုံအစွပ် တို့ကို ပြန်လည်အသုံးပြုထားပါတယ်။

ဒီဆိုင်ကယ်ဟာ Harley-Davidson ကုမ္ပဏီက ၁၉၀၈ ခုနှစ်တွင် ထုတ်ခဲ့သော ဆိုင်ကယ် ၄၅၀ စီးထဲက တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ အစီးရေ တစ်ဒါဇင်အောက်သာ ကျန်ရှိတော့ကြောင်း ဆိုပါတယ်။ Harley-Davidson ကုမ္ပဏီဟာ ဆိုင်ကယ်ထုတ်လုပ်ရေးတွင် နာမည်ကြီးတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

အိန္ဒိယ သန်ခေါင်စာရင်းမှာ မြန်မာစစ်ရှောင်များကိုလည်းထည့်သွင်းရေတွက်မယ်

ဧပြီလ ၁၆၊ ၂၀၂၆ Zalen လက်ရှိကောက်ယူနေတဲ့ အိန္ဒိယ သန်ခေါင်စာရင်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်ခိုလှုံကြတဲ့ စစ်ရှောင်များကိုပါ ထည့်သွင်းရေတွက်သွားမယ်လို့သိရပါတယ်။ မီဇိုရမ်ပြည်နယ် သန်ခေါင်စာရင်း မှာလည်း အိမ်နီးချင်း ပြည်နယ် ...

ဆက်ဖတ်ရန်