ပလက်ဝမြို့နယ်တွင် ယောက်ဖဖြစ်သူကိုဓားနဲ့ခုတ်သတ်ပြီးညီမနဲ့တူ ၃ယောက်ကိုဓားနဲ့ခုတ်ဒဏ်ရာရရှိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့အနီး ပိန်းဝအုပ်စု ဆောင်လန်းကျေးရွာနေ ဦးအောင်ထန်း (၄ဝနှစ်ကျော်)က တောင်ယာတဲမှာ ယောက်ဖဖြစ်သူကို ဓားနဲ့လည်လှီးသတ်ဖြတ်ကာ ညီမနဲ့ တူ၊ တူမလေးတို့ကို ဓားနဲ့ခုတ်သွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၂၃)ရက်တွင် ဦးပေတရု (၂၇ နှစ်)နဲ့ ဇနီး ဒေါ်ကိုးလုံး (၃၃ နှစ်)၊ သားကြီး မောင်မောရှေ၊ သားလတ် မောင်ညီထက်အောင်၊ အငယ်ဆုံးသမီး မရှာမရီတို့ဟာ စပါးရိတ်ဖို့ တောင်ယာပြောင်းရွေ့ကြပါတယ်။ ယင်း ည ၁၁ နာရီတွင် ဒေါ်ကိုးလုံးရဲ့အစ်ကိုရင်းဖြစ်သူ ဦးအောင်ထန်းက ဓားနဲ့ တောင်ယာတဲသို့လာရောက်ကာ ညီမတို့မိသားစု ၅ ယောက်ကိုဓားနဲ့ခုတ်သွားပါတယ်။ ယောက်ဖဖြစ်သူ ဦးပေတရုဟာ လည်လှီးသတ်ဖြတ်ခံရပါတယ်။ ဒေါ်ကိုးလုံးမှာ ခေါင်းတွင် ၈ ချက်ချုပ်ရတဲ့အပြင် ခါးနောက်ကျော၊ ပုခုံး၊ လက်မောင်း၊ လက်ချောင်းမှာ ဓားခုတ်ခံရပါတယ်။ သားအကြီးဆုံးတွင် ညာဘက်လက်၊ သားအလတ်ရဲ့ ခေါင်း၊ အငယ်ဆုံးသမီးရဲ့ ခြေထောက် ဓားဒဏ်ရာရရှိပါတယ်။ ဒေါ်ကိုးလုံးရဲ့ ညာဘက်လက်မောင်းနဲ့ လက်ချောင်းတွေလှုပ်မရလို့ ပလက်ဝဆေးရုံကနေ စစ်တွေဆေးရုံသို့လွှဲပြောင်းရန်စီစဉ်နေကြပါတယ်။

ဦးအောင်ထန်းနဲ့ ယောက်ဖတို့မိသားစုဟာ အရင်ကစကားများရန်ဖြစ်လို့ ညီမဖြစ်သူကို လက်သီးနဲ့ထိုးခဲ့လို့ ကျေးရွာလူကြီးတွေက ဝက်တစ်ကောင်နဲ့ ငွေ ၃ သောင်းလျော်ခိုင်းခဲ့ပါတယ်။ ဦးအောင်ထန်းကို လက်ရှိ ပလက်ဝရဲစခန်း အချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဆောင်လန်းကျေးရွာဟာ ဆမီးမြို့ရဲ့အထက်ဘက်မှာရှိပြီး ဆမီးမြို့ကနေ ၁၀ မိုင်လောက်ကွာဝေးပါတယ်။

Zawgyi

ပလက္ဝၿမိဳ႕နယ္တြင္ ေယာက္ဖျဖစ္သူကိုဓားနဲ႔ခုတ္သတ္ၿပီးညီမနဲ႔တူ ၃ေယာက္ကိုဓားနဲ႔ခုတ္ဒဏ္ရာရရွိ

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕အနီး ပိန္းဝအုပ္စု ေဆာင္လန္းေက်းရြာေန ဦးေအာင္ထန္း (၄၀ႏွစ္ေက်ာ္)က ေတာင္ယာတဲမွာ ေယာက္ဖျဖစ္သူကို ဓားနဲ႔လည္လီွးသတ္ျဖတ္ကာ ညီမနဲ႔ တူ၊ တူမေလးတို႔ကို ဓားနဲ႔ခုတ္သြားတယ္လုိ႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ စက္တင္ဘာ (၂၃)ရက္တြင္ ဦးေပတရု (၂၇ ႏွစ္)နဲ႔ ဇနီး ေဒၚကိုးလံုး (၃၃ ႏွစ္)၊ သားၾကီး ေမာင္ေမာေရွ၊ သားလတ္ ေမာင္ညီထက္ေအာင္၊ အငယ္ဆံုးသမီး မရွာမရီတို႔ဟာ စပါးရိတ္ဖို႔ ေတာင္ယာေျပာင္းေရြ႕ၾကပါတယ္။ ယင္း ည ၁၁ နာရီတြင္ ေဒၚကိုးလံုးရဲ႕အစ္ကိုရင္းျဖစ္သူ ဦးေအာင္ထန္းက ဓားနဲ႔ ေတာင္ယာတဲသို႔လာေရာက္ကာ ညီမတို႔မိသားစု ၅ ေယာက္ကိုဓားနဲ႔ခုတ္သြားပါတယ္။ ေယာက္ဖျဖစ္သူ ဦးေပတရုဟာ လည္လွီးသတ္ျဖတ္ခံရပါတယ္။ ေဒၚကိုးလံုးမွာ ေခါင္းတြင္ ၈ ခ်က္ခ်ဳပ္ရတဲ့အျပင္ ခါးေနာက္ေက်ာ၊ ပုခံုး၊ လက္ေမာင္း၊ လက္ေခ်ာင္းမွာ ဓားခုတ္ခံရပါတယ္။ သားအၾကီးဆံုးတြင္ ညာဘက္လက္၊ သားအလတ္ရဲ႕ ေခါင္း၊ အငယ္ဆံုးသမီးရဲ႕ ေျခေထာက္ ဓားဒဏ္ရာရရွိပါတယ္။ ေဒၚကိုးလံုးရဲ႕ ညာဘက္လက္ေမာင္းနဲ႔ လက္ေခ်ာင္းေတြလႈပ္မရလို႔ ပလက္ဝေဆးရံုကေန စစ္ေတြေဆးရံုသို႔လႊဲေျပာင္းရန္စီစဥ္ေနၾကပါတယ္။

ဦးေအာင္ထန္းနဲ႔ ေယာက္ဖတို႔မိသားစုဟာ အရင္ကစကားမ်ားရန္ျဖစ္လုိ႔ ညီမျဖစ္သူကို လက္သီးနဲ႔ထိုးခဲ့လို႔ ေက်းရြာလူၾကီးေတြက ဝက္တစ္ေကာင္နဲ႔ ေငြ ၃ ေသာင္းေလ်ာ္ခုိင္းခဲ့ပါတယ္။ ဦးေအာင္ထန္းကို လက္ရွိ ပလက္ဝရဲစခန္း အခ်ဳပ္ခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။

ေဆာင္လန္းေက်းရြာဟာ ဆမီးၿမိဳ႕ရဲ႕အထက္ဘက္မွာရွိၿပီး ဆမီးၿမိဳ႕ကေန ၁၀ မိုင္ေလာက္ကြာေဝးပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်