ကလေး-တမူးလမ်းပိုင်းကို ထိုးစစ်ဆင်နေတဲ့ ဒါဏ်ရာရ ပျူစောထီးများဆေးဝါးကုသမှုမရရှိလို့ သေဆုံးမှုများပြား

ဇွန် ၂၃၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တောင်ပိုင်း ကလေး-တမူးလမ်းပိုင်းကို ထိုးစစ်ဆင်နေတဲ့ပျူစောထီးများ အထိနာနေပြီး ဒါဏ်ရာရရှိတဲ့ များ ဆေးဝါကုသခွင့်မရဘဲ သေဆုံးမှုများပြားနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့ကနေ စစ်ကောင်စီတပ်က တမူး-ကလေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုထိုးစစ်ဆင်မှုတွင် စစ်ကောင်စီတပ်က ၎င်းတို့ရဲ့ လက်အောက်ခံ ပျူစေားထီးများနဲ့ ပြည်သူစစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းစစ်မျက်နာပြင်မှာ အဓိကအသုံးပြုနေတယ်လို့ဆိုပါတယ်။

Zalen ad

ဒေသသတင်းအရင်းအမြစ်တခုအဆိုအရ ပြီးခဲ့တဲ့ရက်ပိုင်းက ရှေတန်းစစ်မျက်နှာပြင်တွင် ဒါဏ်ရရှိခဲ့တဲ့အရေးပေါ်ပျူစောထီးလူနာများကိုဆေးရုံတွင် ဆရာဝန်မရှိတာကြောင့် ဆရာဝန်အားဆေးရုံကိုလာရောက်ဖို‌ဆင့်ခေါ်ခဲ့ပေမယ့် ဆရာဝန်ရောက်မလာတာကြောင့် ဒါဏ်ရာရ ပျူစောထီးတပ်ဖွဲများ သေဆုံးခဲ့ကြရတယ်လို့ ပျူစောထီးခေါင်းဆောင် ပန်းချီ ချမ်းမေ့ရဲ့ပြောကြားချက်ကို သတင်းအရင်းအမြစ်တဦးထံမှသိရပါတယ်။

အခုလိုဖြစ်ရပ်ကြောင့် ပျူစောထီးသိုင်းအဝိုင်းများကြားဒေါသအမြက်ထွက်နေကြပြီး” ဆရာဝန်များဟာပြင်ပဆေးခန်းမှာတာအချိန်ကုန်ကြပြီး ဆေးရုံတွင်အချိန်ပေးမှုအားနည်းနေတယ်” လို့ဝေဖန်နေကြတယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တမူးမြို့ခံတဦးက” ပျူစောထီးတွေနဲ့ စစ်တပ်ပိုင်းကလူတွေက ဆေးရုံမှာမကြာခဏအာဏာပြယုတ်မာနေကြလို့ ဆေးဝါးမကုပေးချင်ကြတာနေမယ်။ ဆရာဝန်ကိုဆရာဝန်နေရာမထား၊ မလေးစားဘဲ လက်နက်ပြသောင်းကျန်းနေကြတာများတော့ ရှောင်နေကြတာဖြစ်နိုင်တယ်။ စစ်တပ်နဲ့ ပျူစောထီးတွေကလည်းတအားလွန်နေကြတာကိုး” လို့ မြို့ခံတဦးက Zalen ကိုပြောပါတယ်။

ဒါ့အပြင် ဒေသခံတဦးကလည်း” ဆရာဝန်တွေဆေးခန်းမှာထိုင်တာဟာ သမာအာဇီဝပါ။ ပျူစောထီးတွေလို ဂိတ်မှာထိုင်ပြီး လက်နက်ပြ၊ ဂိတ်ကြေးတောင်း၊ ပြည်သူတွေကို ပေါ်တာဆွဲပြီး ပိုက်ဆံနဲ့ပြန်ရွေးခိုင်းနေတာမဟုတ်ဘူး” လို့လည်း အခုလိုပြောပါတယ်။

အခုလို ရှေ့တန်းစစ်မျက်နာပြင်မှာ ဒဏ်ရာအပြင်းအထန်ရရှိကြတဲ့ ပျူစောထီးများနဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကို တမူးမြို့ပြည်သူ့ဆေးရုံမှာ ဆရာဝန်များက ဆေးဝါးကုသမပေးလို့ သေဆုံးမှုများရှိနေကြတဲ့အပေါ် ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့ရဲ့ တိုက်တွန်းမှုကြောင့် စစ်ကောင်စီရဲ့ တမူးမြို့ ကိုယ်စားလှယ်တဦးက လွှတ်တော်မှာကြယ်ပွင့်ပြမေးခွန်းမေးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကလေး-တမူးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်တပ်ဖွဲ့များသာမက လေကြောင်းအင်အားကိုပါ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကာ ကျေးရွာအချို့ကို ထိန်းချုပ်ထားနိုင်ပေမယ့် ထိခိုက်သေဆုံးမှု ရာနဲ့ချီ ရှိနေနိုင်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

သတင်း – S-P

ပုံစာ-တမူး-ကလေးလမ်းပိုင်းတိုက်ပွဲတနေရာက စစ်ကောင်တပ်သားအားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

လာမယ့်နှစ်မှာ BIMSTEC အတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူမယ်

ဇွန် ၂၃၊ ၂၀၂၆Zalen လာမယ့်နှစ်မှာ ဘင်္ဂလားပင်လယ်အော်အဖွဲ့အစည်းဖြစ်တဲ့ BIMSTEC ရဲ့ အတွင်းရေးမှူးချုပ် တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ပိုပြီးပွင့်လင်းလာပြီဖြစ်သလို၊ BIMSTEC အဖွဲ့အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ...

ဆက်ဖတ်ရန်