ဖလမ်းမြို့တွင် လမ်းကြိတ်စက်တစ်စီး ဘရိတ်ပေါက်၍ လူနေအိမ် နှစ်လုံး ပျက်စီး

ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဟားခါးဘက်သွားတဲ့လမ်းမပေါ်မှာ လမ်းကြိတ်စက်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးအိမ် ၂ လုံးကိုတိုက်မိရာမှ ယာဉ်မောင်းတစ်ဦးဒဏ်ရာရရှိပြီး လူနေအိမ် (၂)လုံးပျက်စီးသွားတယ်လို့သတင်းရရှိပါတယ်။

အခင်းဖြစ်ပွားတဲ့အချိန်ကတော့ မနက် ၁၁ နာရီခွဲခန့်တွင် ဖြစ်ပြီး အိမ်ထဲတွင် လူနာတစ်ဦးလည်းရှိနေတယ်လို့သိရပါတယ်။

ဖလမ်းမြို့နယ် စည်ပင် ဥက္ကဌ ဦးဒါရ်လျန်အုပ်က “ဒီစက်က လမ်းဦးစီးစက်ဖြစ်တယ်။ ဂျပန် JICA ကပေးထားတဲ့စက်ဖြစ်မယ်ထင်တယ်။ သူက မြို့တွင်း နိုင်လွန်ကတ္တရာခင်းတဲ့ချိန်မှာသုံးတဲ့ လမ်းကြိတ်စက်ပါ။ သူက လုပ်ငန်းကနေ ပြန်လာတဲ့ချိန်မှာ ဘရိတ်ပေါက်သွားတယ်။ အိမ် ၂ လုံးက မကာထားဘူးဆိုရင် အောက်ဘက်လမ်းမပေါ်ထိ ကျသွားနိုင်တယ်။ အဲ့လိုကျသွားရင်တော့ အပျက်အစီးပိုများနိုင်ခြေရှိတယ်။ ယာဉ်မောင်းရဲ့ လက်မှာသွေးထွက်နေတာတွေ့ရတယ်။ အိမ်ရှင် ကုန်းကုန်းက ဖျားနေလို့အဲ့ချိန် အိမ်ထဲမှာအိပ်နေတာ။ သူနဲ့စကားပြောတာ တော်တော်စိတ်ခြောက်ခြားနေတုန်းပဲ။ ပထမက ကုန်းကုန်းတို့ မီးဖိုချောင်ကိုတိုက်ပြီးတော့ ဘေးအိမ်ကိုထပ်ဆောင့်မိတာဖြစ်တယ်။ ကုန်းကုန်းတို့အိမ်ကတော့ ယိုင်နေလို့ အားလုံးဖျက်ပြီးတော့အသစ်ပြန်ဆောက်မှရမယ်လို့ အိမ်ရှင်ကတော့ပြောတယ်။ တစ်ဘက်အိမ်က မီးဖိုချောင်ထိသွားတယ်။ ဘယ်လောက်ပျက်စီးသွားလဲတော့မပြောတတ်ဘူး” လို့ပြောပါတယ်။

အခင်းဖြစ်ပွားနေတဲ့အချိန်ဟာ ဘုရားကျောင်းတက်နေကြတဲ့အချိန်ဖြစ်တာကြောင့် အိမ်ထဲမှာ လူမရှိလို့ အထိအခိုက်နည်းသွားတာပါ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်