ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုဖမ်းဆီးပြီး မျက်လုံးဖောက်ကာ လည်လှီးသတ်ဖြတ်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းပေါ်ရှိ တားလ်ရွာနဲ့ တလန်ဇာရွာကြားတွင် ဒီနေ့ မတ် ၁ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်က မျက်စိဖောက်ကာ လည်လှီးသတ်ဖြတ်ခံရတဲ့ အမည်မသိ အရပ်သားပြည်သူတစ်ဦးရဲ့အလောင်းကို ရွာသားတွေကတွေ့ရှိကြတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ အမည်မသိ လူငယ်တစ်ဦးဟာ ဖေဖော်ဝါရီ ၂၇ ရက်ညနေပိုင်းက ဖလမ်းမြို့ကနေ ဟားခါးဘက်သို့ ဆိုင်ကယ်တစ်စီးနဲ့ အရှိန်ပြင်းပြင်းမောင်းလာကာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက လုံပီးရပ်ကွက်တွင် ရပ်တန့်ခိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

ဒေသခံတစ်ဦးက “သူမောင်းတဲ့ ဆိုင်ကယ်လည်း လုံပီးရပ်ကွက်မှာထားကြတယ်။ ဆိုင်ကယ်ထဲမှာ ပိုင်ရှင်ရဲ့ အချက်အလက်လည်းမတွေ့ရဘူး။ ဆိုင်ကယ်ပေါ်မှာ ဓာတ်ဆီတစ်ပုံးလည်းကျန်ခဲ့တယ်။ အခုထိ သေဆုံးတဲ့သူကဘယ်သူလဲဆိုတာမသိရသေးဘူး။ အလောင်းကို လမ်းဘေးမှာ လွတ်ပစ်ကြတယ်။ ညာဘက်မျက်လုံးမရှိတော့ဘူး။ မျက်နှာတစ်ခြမ်းလည်း မြင်မကောင်းဘူး။ လည်ပင်းကိုဓားနဲ့လှီးကြတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က အသတ်ခံရတဲ့ပုံပေါ်တယ်” လို့ပြောပါတယ်။

Zalen ad

သေဆုံးသူဟာ အသက် ၂၀ ကနေ ၃၀ ကြားအရွယ်ဖြစ်ပြီး လည်ပင်းမှာ လက်ဝါးကားတိုင်ပုံ ဆွဲကြိုးဆွဲထားပါတယ်။

ရိက္ခာတင်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ယနေ့တွင်လည်း တားလ်နဲ့ တလန်ဇာရွာကြားမှာ လက်နက်ကြီးတွေအဆက်မပျက်ပစ်ခတ်ကြတယ်လို့သတင်းရရှိပါတယ်။

Zawgyi

ဖလမ္းၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္က ျပည္သူတစ္ဦးကိုဖမ္းဆီးၿပီး မ်က္လံုးေဖာက္ကာ လည္လွီးသတ္ျဖတ္ခံရ

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ဖလမ္း-ဟားခါးလမ္းေပၚရွိ တားလ္ရြာနဲ႔ တလန္ဇာရြာၾကားတြင္ ဒီေန႔ မတ္ ၁ ရက္က အာဏာသိမ္းစစ္ေကာင္စီတပ္က မ်က္စိေဖာက္ကာ လည္လွီးသတ္ျဖတ္ခံရတဲ့ အမည္မသိ အရပ္သားျပည္သူတစ္ဦးရဲ႕အေလာင္းကို ရြာသားေတြကေတြ႔ရွိၾကတယ္လုိ႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ အမည္မသိ လူငယ္တစ္ဦးဟာ ေဖေဖာ္ဝါရီ ၂၇ ရက္ညေနပိုင္းက ဖလမ္းၿမိဳ႕ကေန ဟားခါးဘက္သို႔ ဆုိင္ကယ္တစ္စီးနဲ႔ အရွိန္ျပင္းျပင္းေမာင္းလာကာ အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက လံုပီးရပ္ကြက္တြင္ ရပ္တန္႔ခိုင္းကာ ဖမ္းဆီးေခၚေဆာင္သြားၾကပါတယ္။

ေဒသခံတစ္ဦးက “သူေမာင္းတဲ့ ဆိုင္ကယ္လည္း လံုပီးရပ္ကြက္မွာထားၾကတယ္။ ဆုိင္ကယ္ထဲမွာ ပိုင္ရွင္ရဲ႕ အခ်က္အလက္လည္းမေတြ႔ရဘူး။ ဆုိင္ကယ္ေပၚမွာ ဓာတ္ဆီတစ္ပံုးလည္းက်န္ခဲ့တယ္။ အခုထိ ေသဆံုးတဲ့သူကဘယ္သူလဲဆိုတာမသိရေသးဘူး။ အေလာင္းကို လမ္းေဘးမွာ လြတ္ပစ္ၾကတယ္။ ညာဘက္မ်က္လံုးမရွိေတာ့ဘူး။ မ်က္ႏွာတစ္ျခမ္းလည္း ျမင္မေကာင္းဘူး။ လည္ပင္းကိုဓားနဲ႔လွီးၾကတယ္။ ေဖေဖာ္ဝါရီ ၂၈ ရက္က အသတ္ခံရတဲ့ပံုေပၚတယ္” လို႔ေျပာပါတယ္။

ေသဆံုးသူဟာ အသက္ ၂၀ ကေန ၃၀ ၾကားအရြယ္ျဖစ္ၿပီး လည္ပင္းမွာ လက္ဝါးကားတုိင္ပံု ဆြဲၾကိဳးဆြဲထားပါတယ္။

ရိကၡာတင္လာတဲ့ စစ္ေကာင္စီယာဥ္တန္းဟာ ယေန႔တြင္လည္း တားလ္နဲ႔ တလန္ဇာရြာၾကားမွာ လက္နက္ၾကီးေတြအဆက္မပ်က္ပစ္ခတ္ၾကတယ္လုိ႔သတင္းရရွိပါတယ္။

 

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်