ဖလမ်းမြို့ ရေကူးကန်ထဲတွင် လူငယ်တစ်ဦးရေနစ်သေဆုံး

ဖလမ်းမြို့အနီး လိုင်လိုဥယျာဉ်ခြံအတွင်းရှိ ရေကူးကန်ထဲတွင် ဇွန် (၂၆)ရက် နေ့လည် (၁၂)နာရီခန့်က လူငယ်တစ်ဦးရေနစ်သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

ယင်းရေကူးကန်ဟာ ဆောက်လက်စဖြစ်ပြီး ကိုဗစ်-၁၉ ကာလကြောင့် ရေကူးခွင့်ပိတ်ပင်ထားပါတယ်။

ရေနစ်သေဆုံးသွားသူဟာ ဖလမ်းမြို့ ဘလိုင်ရပ်ကွက်မှာနေထိုင်တဲ့ အသက် (၁၉)နှစ်အရွယ် ဆလိုင်းငွန်ထောမ်ထန် ဖြစ်ပါတယ်။

လိုင်လိုဥယျာဉ်ခြံစောင့် တစ်ဦးက “ဒီရေကူးကန်မှာ ရေကူးခွင့်မပြုသေးဘူး။ ကျနော်လည်း အမေနေမကောင်းလို့ဖလမ်းဆေးရုံမှာ လူနာသွားစောင့်နေတုန်း၊ ရေကူးကန်နဲ့ နည်းနည်းဝေးတဲ့နေရာမှာ အလုပ်သမားတွေလည်း နေ့လည်စာစားနေတုန်းဖြစ်တယ်။ ကလေးတွေကလည်းသူတို့ကို တားပေမယ့် ပြန်ငေါက်တော့ကလေးတွေလည်းကြောက်တော့မပြောရဲတော့ဘူး။ သူရေနစ်ပြီးတော့ အလုပ်သမားတွေသွားခေါ်တဲ့ချိန်မှာတော့ အလောင်းကရေပေါ်မှာပေါ်လောပေါ်နေပြီ။ သူရေနစ်တဲ့နေရာက ရေကန်ရဲ့အလည်ပိုင်းမှာပါ” လို့ပြောပါတယ်။


အလောင်းကို ဒီမနက် (၁၀)တွင် မြေမြုပ်သဂြိုလ်မယ်

လိုင်လိုရေကူးကန်ဟာ ၃ ပေခွဲကနေ ၅ ပေခွဲအထိနက်ပါတယ်။ ရေကူးကန်ရဲ့အကျယ်အဝန်းက အလျား ပေ ၅၀၊ အနံ ပေ ၃၀ ရှိပါတယ်။

ရေနစ်သေဆုံးသူနဲ့အတူ သူငယ်ချင်း (၃)ဦးလည်း ရေကူးနေကြပါတယ်။ လိုင်လိုဥယျာဉ်ခြံဟာ ဖလမ်းမြို့ကနေ ၆ မိုင်လောက်ဝေးပြီး ဖလမ်းလူငယ်များ မဏီပူရမြစ်ထဲတွင် နှစ်စဉ်ရေနစ်သေဆုံးတဲ့သူတွေရှိလို့ ရေကူးတတ်အောင် အလှူရှင်တစ်ယောက်ရဲ့အလှူငွေနဲ့ ရေကူးကန်တည်ဆောက်ထားတာပါ။

ကိုဗစ်-၁၉ ကာလကုန်ဆုံးသွားရင် ကလေးတွေအတွက် ရေကူးကန်တစ်ကန် သီးသန့်ထပ်ဆောက်မယ်လို့လည်းသိရပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်