မင်းတပ်တွင် ရွေးကောက်ပွဲကာလမဲရုံများ၌ တာဝန်ထမ်းဆောင်မယ့် ဒေသခံ အထူးရဲများခေါ်နေ

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း မင်းတပ်မြို့နယ်အတွင်းရှိမဲရုံ (၁၁၆) ရုံ၌ တာဝန်ထမ်းဆောင်ရန် အထူးရဲ (၁၁၆) ဦး ခေါ်ယူလျက်ရှိကြောင်း မင်းတပ်မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးမိုးကျော်ဟိန်းထံမှ သိရသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က မင်းတပ်မြို့နယ်အတွင်းမှာ မဲရုံ (၁၁၆) ရုံထားရှိဖို့ လျာထားတဲ့အတွက် မဲရုံမှာ တာဝန်ထမ်းဆောင်မယ့် အထူးရဲ (၁၁၆) ဦးကို ခေါ်ယူရတာဖြစ်တယ်၊ မဲရုံထားရှိမယ့် ကျေးရွာက အသက်(၁၈)နှစ်နှင့် (၆၀)နှစ်ကြား၊ ပညာအရည်အချင်း အလယ်တန်းအဆင့် ရှိတဲ့သူတွေ လျှောက်ထားလို့ ရပါတယ်” ဟု မြို့နယ်ရဲစခန်းမှူး ကပြောကြားသည်။

မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံပေါင်း (၁၁၆) ရုံတွင် တာဝန်ထမ်းဆောင်ရန် စာရင်းပေးသွင်းသည့် အထူးရဲ တပ်သားများကို ရက်သတ္တပတ်(၂)ပတ် သင်တန်းပို့ချပြီးမှသာ မဲရုံများတွင် တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။ မင်းတပ်မြို့နယ်ရှိ မဲရုံ(၁၁၆)ရုံ၌ အထူးရဲအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသည့်ဒေသခံ များအား ရွေးချယ်သင်တန်းပေးပြီးနောက် (၃)လအထိ အခြေခံလစာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit: Mindat IPRD

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်