မင်းတပ်တွင် ရွေးကောက်ပွဲကာလမဲရုံများ၌ တာဝန်ထမ်းဆောင်မယ့် ဒေသခံ အထူးရဲများခေါ်နေ

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း မင်းတပ်မြို့နယ်အတွင်းရှိမဲရုံ (၁၁၆) ရုံ၌ တာဝန်ထမ်းဆောင်ရန် အထူးရဲ (၁၁၆) ဦး ခေါ်ယူလျက်ရှိကြောင်း မင်းတပ်မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးမိုးကျော်ဟိန်းထံမှ သိရသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က မင်းတပ်မြို့နယ်အတွင်းမှာ မဲရုံ (၁၁၆) ရုံထားရှိဖို့ လျာထားတဲ့အတွက် မဲရုံမှာ တာဝန်ထမ်းဆောင်မယ့် အထူးရဲ (၁၁၆) ဦးကို ခေါ်ယူရတာဖြစ်တယ်၊ မဲရုံထားရှိမယ့် ကျေးရွာက အသက်(၁၈)နှစ်နှင့် (၆၀)နှစ်ကြား၊ ပညာအရည်အချင်း အလယ်တန်းအဆင့် ရှိတဲ့သူတွေ လျှောက်ထားလို့ ရပါတယ်” ဟု မြို့နယ်ရဲစခန်းမှူး ကပြောကြားသည်။

မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံပေါင်း (၁၁၆) ရုံတွင် တာဝန်ထမ်းဆောင်ရန် စာရင်းပေးသွင်းသည့် အထူးရဲ တပ်သားများကို ရက်သတ္တပတ်(၂)ပတ် သင်တန်းပို့ချပြီးမှသာ မဲရုံများတွင် တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။ မင်းတပ်မြို့နယ်ရှိ မဲရုံ(၁၁၆)ရုံ၌ အထူးရဲအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသည့်ဒေသခံ များအား ရွေးချယ်သင်တန်းပေးပြီးနောက် (၃)လအထိ အခြေခံလစာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit: Mindat IPRD

Zalen ad

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်