မဏိပူရ်ထောင်ထဲက မြန်မာတွေ ပြန်လွှတ်ပေးရေး အစာငတ်ခံဆန္ဒပြ

၂၆၊ ဩဂုတ်၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်က မြန်မာအကျဉ်းသားတွေဟာ ဩဂုတ် ၂၆ ရက် ဒီနေ့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာကို ပြန်စတင်လိုက်တယ်လို့ အကျဉ်းသားတွေအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ စစ်ကောင်စီလက်ထဲကို ပြန် မလွှဲဖို့ တောင်းဆိုနေယတာပါ။

Zalen ad

အစာငတ်ခံဆန္ဒပြမှုမှာ အမျိုးသား ၅၂ ဦးက ဦးဆောင်ဆန္ဒပြနေတယ်လို့ သိရပါတယ်။

“အဓိက အမျိုးသားတွေက ပြန်ပြီး စတင်ဆန္ဒပြတယ်၊ ကျန်တဲ့အဆောင်ကလူတွေလည်း ပူးပေါင်း ပါ၀င်မလားဆိုတာကတော့ မသိရသေးဘူး။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြနေကြတာပါ။ သူတို့ရဲ့ တောင်းဆိုချက်ကို ထောင်အာဏာပိုင်တွေက ဘယ်လို ညှိနှိုင်းပေးမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ ” လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

သက်ကြီးပိုင်းအရွယ်တွေကနေ မွေးကင်းစ ကလေးအထိ ဒုက္ခသည်တွေကို အခုလို မတရားဖမ်းဆီးထောင်ချထားတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ကလည်း အင်ဖာထောင်က မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသမီးတချို့ဟာ လေး ရက်ကြာ အစာအငတ်ခံဆန္ဒပြပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ အင်ဖာအကျဉ်းထောင်က မြန်မာ စစ်ဘေး ဒုက္ခသည်တွေဟာ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၁၃ ရက်ကြာ အစာအငတ်ခံဆန္ဒပြခဲ့ကြပြီး ထောင်အာဏာပိုင် တွေက ဗဟို အစိုးရကို ပြန်တင်ပြပေးမယ်လို့ ညှိနှိုင်းမှုကြောင့် ဆန္ဒပြတာကိုရပ်ဆိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ဘာမှထူးခြားမှု မရှိတာကြောင့် အစာအငတ်ခံဆန္ဒတာကို ဩဂုတ် ၂၆ ရက်နေ့ ဒီနေ့မှာ ပြန်လည်စတင် တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ မဏိပူရ်အကျဉ်းထောင်ထဲမှာ မြန်မာ ၁၅၉ ဦး ဖမ်းဆီးခံထားဆဲဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အိန္ဒိယ သန်ခေါင်စာရင်းမှာ မြန်မာစစ်ရှောင်များကိုလည်းထည့်သွင်းရေတွက်မယ်

ဧပြီလ ၁၆၊ ၂၀၂၆ Zalen လက်ရှိကောက်ယူနေတဲ့ အိန္ဒိယ သန်ခေါင်စာရင်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်ခိုလှုံကြတဲ့ စစ်ရှောင်များကိုပါ ထည့်သွင်းရေတွက်သွားမယ်လို့သိရပါတယ်။ မီဇိုရမ်ပြည်နယ် သန်ခေါင်စာရင်း မှာလည်း အိမ်နီးချင်း ပြည်နယ် ...

ဆက်ဖတ်ရန်