မတူပီကနေပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေ ၂ ပတ်နီးပါကြာတဲ့ထိ မင်းတပ်မြို့သို့မဝင်နိုင်သေး

မတူပီမြို့ကနေ ဇန်နဝါရီ ၂၄ ရက်ကပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို CDF-MINDAT က မိုင်တိုင် ၁၈ ဝန်းကျင်မှာ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၁၁ နာရီ နဲ့ နေ့လည် ၂ နာရီလောက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (သတင်းအဖွဲ့)ကထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် မင်းတပ်မြို့ပေါ်မှာရှိတဲ့ ၂၇၄ တပ်ရင်းကနေ လက်နက်ကြီးမျိုးစုံနဲ့ ပစ်ကူခဲ့ကြပေမယ့် CDF-MINDAT ဘက်က ဒဏ်ရာရရှိသူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီညတော့ ၁၆ မိုင် ဝန်းကျင်မှာညအိပ်ကြမယ်လို့သိရတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရလတုန်းက ပခုက္ကူကနေ သံချပ်ကာ ၂ စီးနဲ့ စစ်ကား အစီး၉၀ ဝန်းကျင်ဟာ မတူပီမြို့ စစ်တပ်ကို ရိက္ခာတွေပို့ဆောင်ခဲ့ကြပြီး အပြန်လမ်းမှာအခုလိုတိုက်ခိုက်ကြတာဖြစ်တယ်။

ဖေဖော်ဝါရီ ၂ ရက်ကစပြီး ၄ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးခန့်သေဆုံးပြီး CDF-MINDAT က သေနတ်တစ်လက် သိမ်းဆည်းရမိတယ်လို့လည်းသိရတယ်။

Zawgyi

မတူပီကေနျပန္ဆင္းလာတဲ့ စစ္ေကာင္စီယာဥ္တန္းေတြ ၂ ပတ္နီးပါၾကာတဲ့ထိ မင္းတပ္ၿမိဳ႕သို႔မဝင္ႏိုင္ေသး

မတူပီၿမိဳ႕ကေန ဇန္နဝါရီ ၂၄ ရက္ကျပန္ဆင္းလာတဲ့ စစ္ေကာင္စီယာဥ္တန္းကို CDF-MINDAT က မိုင္တိုင္ ၁၈ ဝန္းက်င္မွာ ဒီေန႔ ေဖေဖာ္ဝါရီ ၅ ရက္ မနက္ ၁၁ နာရီ နဲ႔ ေန႔လည္ ၂ နာရီေလာက္က တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားတယ္လို႔ မင္းတပ္ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရး (သတင္းအဖြဲ႕)ကထုတ္ျပန္လိုက္ပါတယ္။

CDF-Mindat ကသိမ္းဆည္းရမိတဲ့ MA 3 ေသနတ္

ဒါေၾကာင့္ မင္းတပ္ၿမိဳ႕ေပၚမွာရွိတဲ့ ၂၇၄ တပ္ရင္းကေန လက္နက္ႀကီးမ်ိဳးစုံနဲ႔ ပစ္ကူခဲ့ၾကေပမယ့္ CDF-MINDAT ဘက္က ဒဏ္ရာရရွိသူမရွိဘဲ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ ဒီညေတာ့ ၁၆ မိုင္ ဝန္းက်င္မွာညအိပ္ၾကမယ္လို႔သိရတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရလတုန္းက ပခုကၠဴကေန သံခ်ပ္ကာ ၂ စီးနဲ႔ စစ္ကား အစီး၉၀ ဝန္းက်င္ဟာ မတူပီၿမိဳ႕ စစ္တပ္ကို ရိကၡာေတြပို႔ေဆာင္ခဲ့ၾကၿပီး အျပန္လမ္းမွာအခုလိုတိုက္ခိုက္ၾကတာျဖစ္တယ္။

ေဖေဖာ္ဝါရီ ၂ ရက္ကစၿပီး ၄ ရက္ၾကာတုိက္ပြဲမွာ စစ္ေကာင္စီဘက္က ၁၀ ဦးခန္႔ေသဆံုးၿပီး CDF-MINDAT က ေသနတ္တစ္လက္ သိမ္းဆည္းရမိတယ္လို႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်