မတူပီမြို့ပေါ်က စစ်ဘေးရှောင်မိဘပြည်သူများအ နေဖြင့် မကြာမီ မြို့ထဲ ပြန်လည်နေထိုင်နိုင်တော့မည်ဟု သိရ

၁၁ ၊ဩဂုတ်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊မတူပီမြို့ပေါ်မှာနေထိုင်ကြတဲ့ မိဘပြည်သူများ ဟာ စစ်တပ်အာဏာသိမ်းပြီး နောက် ပိုင်း ပြည်တွင်း၊ပြည်ပ ကို စစ်ဘေးရှောင် သွားနေကြတာ ၃ နှစ် အထိ ရှိလာ နေပြီး လက်ရှိအချိန်မှာတော့ မိမိတို့ နေရပ်မြို့၊အိမ် ကိုပြန်လည်နေထိုင်နိုင်ပြီလို့သိရပါတယ်။

မတူပီမြို့အတွင်း ပြည်သူများအနေဖြင့်ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များကိုဆောင်ရွက်ပြီး ပြည်သူလူ ထုများ အ‌ နေဖြင့်မကြာမီပြန်လည်ဝင်ရောက်နေထိုင်နိုင်တော့မည်ဖြစ်ကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အုပ်ချုပ်ရေးအဖွဲ့ကိုပြန်လည်ဖွဲ့စည်းပြီး မတူပီမြို့ တွင်းလိုအပ်လျက်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများ ၊ မတူပီမြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ရေရရှိရေးလုပ်ငန်းများ ကို ဆောင်ရွက်ပြီးဖြစ်တာကြောင့် မကြာခင်မြို့တွင်းဝင်ရောက်ခွင့်ပြုတော့မယ်လို့ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ မတူပီပြည်သူ့အုပ်ချုပ်ရေးမှ ပြန်ကြားရေးတာ၀န်ခံတစ်ဦးက “စစ်ကောင်စီကထောင်ထားတဲ့မိုင်းရှင်းတာတွေ၊လမ်းတွေ၊ရေလုပ် ငန်းတွေပြီးသွားပါပြီဗျ။ မီးကတော့မဟာဓာတ် အားလိုင်းကနေဆိုတော့အခက်အခဲဖြစ်နေသေးတယ်။ အခုဌာနဆိုင်ရာကဒီဇယ်မီးစက်နဲ့ လုပ်ဖို့ကြိုးစားနေပါတယ်ဗျ။ မဟာဓာတ်အားလိုင်းကကြာအုံးမှာဗျ။ ပြည်သူတွေကတော့မကြာခင်ပြန်၀င်နိုင်တော့မှာပါ။ မြို့၀င်ဂိတ်တွေကနေ စစ်ဆေးပြီးတော့လက်ခံမှာပါ။ Non-CDMတွေကိုတော့လောလောဆယ်ပေးမ၀င်ခိုင်းသေးပါဘူး။ မြို့ထဲပြန်နေဖို့ လေကြောင်းအန္တရာယ်ကိုတော့ စိုးရိမ်ရမှာပါ၊ ဂရုစိုက်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့လိုပါမယ်” လို့ Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး မတူပီမြို့ပြန်လည်တည်ဆောက်ရေးရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း မတူပီ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ချက်မှာ အသိပေးတောင်းဆိုထားပါတယ်။

မတူပီ မြို့ကိုတော့ ချင်းညီနောင် တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ပေါင်းစုများက ၂၀၂၄ခုနှစ်၊ဇွန်လ ၂၉ ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကိုတော့ ဇူလိုင် ၂၀ ရက်နေ့မှာ ပြန်လည်စတင်ဖွဲ့စည်းခဲ့တာလို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်