မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄

Zalen

မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။

ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ဧပြီလ ၁၄ ရက်၊ နေ့လည် ၃ နာရီဝန်းကျင်က အခန်းစပ်တူနေထိုင်တဲ့ ချင်းအမျိုးသား Hrang Tling Thang (၂၂နှစ်) က အသက် ၇ နှစ်အရွယ် ချင်းကလေးငယ် တစ်ဦးကို လည်ပင်းညစ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“လည်ပင်းညစ် သတ်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ သတ်ရတဲ့ အကြောင်းမရာ မသိရသေးဘူး။ လူသတ်တရားခံလည်း ထွက်ပြေးနေတယ်၊ ဖမ်းလို့မရသေးဘူး။ သူတို့မိသားစုပြောတာတော့ ဘာပြဿနာမှ မရှိဘူးလို့ပဲ ပြောတယ်။” လို့ ပူဒူးရပ်ကွက်က ချင်းအမျိုးသား တစ်ဦးက ဆိုပါတယ်။

အဲ့ဒီ လည်ပင်းညစ် အသတ်ဖြတ်ခံရတဲ့ ချင်းကလေးငယ်ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မာလ်းဆော်ရွာကျေးရွာက သိရပြီး အသတ်ခံရတဲ့ အကြောင်းအရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။

လူသတ်မှုကျူးလွန်တဲ့ ချင်းအမျိုးသားဟာ ထွက်ပြေးသွားပေမယ့် မလေးရှား ရဲတပ်ဖွဲ့တွေက လိုက်လံရှာဖွေနေပြီး ယနေ့ထိ လွတ်မြောက်နေဆဲဟု သိရပါတယ်။

ကွာလာလမ်ပူမြို့၊ ကပုန်းဘက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တုန်းကလည်း ချင်းလူငယ် အချင်းချင်း အရက်သောက်စား မူးယစ်စကားများပြီး လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ- ထွက်ပြေးလွတ်မြောက်နေတဲ့ လူသတ်မှု ကျူးလွန်နေတဲ့ ချင်းအမျိုးသား။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်