မဟာမြိုင်လမ်း ပိတ်ထားဆဲ၊ ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်

ဒေမီယံ/စက်တင်ဘာ ၂၇၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးကဘော်ဒေသကို ဆက်သွယ်ထားသော မဟာမြိုင်လမ်းအား ပြီးခဲ့တဲ့ ဇွန်လခန့်က စပြီး ပိတ်ထားတာကြောင့် ခရီးသွားပြည်သူများနဲ့ ကုန်စည်စီးဆင်းမှုတွင် အခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှသိရတယ်။

“ပိတ်ထားတာက တော်တော်ကြာပြီ။ တိုက်ပွဲဖြစ်ရင်ဖြစ်သလို ပိတ်လိုက်၊ တိုက်ပွဲငြိမ်တဲ့အချိန် သုံး လေးစီးလောက် ဖြတ်သွားလိုက်၊ပြီးရင် လမ်းကပြန်ပိတ်လိုက်နဲ့ ဆိုတော့ ကားသမားတွေအတွက် တော်တော်ကိုဒုက္ခရောက်တာပေါ့ဗျာ” လို့ကားသမားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲများကြောင့် လမ်းပိတ်ထားရသလို၊ မိုးတွင်း ကားလမ်းဆိုးဝါးလွန်းတာကြောင့်လည်း သွားလာရခက်ခဲကာ န်းမာရေး၊စီးပွားရေး ကိစ္စများအတွက် ဒုက္ခရောက်ရကြောင်း ခရီးသည်တစ်ဦးကပြောတယ်။

Zalen ad

မဟာမြိုင်လမ်းပိတ်ထားသောကြောင့် ခရီးသွားသူများနဲ့ ကားသမားတွေဟာချင်းပြည်နယ်၊ဟားခါးမြို့မှ ကွေ့ဝိုက် သွားလာနေရကာ လမ်းခရီးကြန့်ကြာခြင်း၊ကားလမ်းဆိုးရွားခြင်း၊ ကုန်ကျစရိတ် များလွန်းခြင်းစတဲ့ ပြဿနာများကြုံနေရတယ်လို့ ကုန်သည်တစ်ဦးကပြောတယ်။

“လမ်းမှာတင်ပဲ ညအိပ်ရတာမျိုးတွေ၊ အရင်က နေ့ချင်းပြန်သွားလို့ရတဲ့နေရာတွေကအခုတော့ သုံး လေးရက်လောက်နေမှ ရောက်တာမျိုးပေါ့။ ကြန့်ကြာတာတွေများသလို ကုန်ကျစရိတ်ကလည်း ပိုများလာတော့ ဒုက္ခရောက်တာပေါ့”လို့ ခရီးသွားအမျိုးသမီးတစ်ဦးကပြောပါတယ်။

မဟာမြိုင်လမ်းသည် ကလေး-ကလေးဝ-မုံရွာ မြို့များအတွက် ကုန်စီးဆင်းရာပင်မလမ်းကြောင်းဖြစ်ကာ ကလေး-ယာကြီးလမ်း၊ကလေး – ဂန့်ဂေါလမ်း ပိတ်ထားတဲ့၂နှစ်ကာလကျော်အတွင်း အဓိက အားထားနေရသော လမ်းကြောင်းလည်းဖြစ်တယ်။

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်