မြန်မာနိုင်ငံအပါအဝင် (၁၂)နိုင်ငံက အကြမ်းဖက်မှုနှင့်တန်​ပြန်တိုက်ဖျက်လေ့ကျင့်ရေးကို ရုရှားနိုင်ငံတွင်ကျင်းပ

သမိုင်းသစ်/၂၈ ၊ စက်တင်ဘာ ၊ ၂၀၂၃

မြန်မာနဲ့ရုရှားတို့ပူးတွဲဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်လုပ်ငန်းအဖွဲ့ရဲ့ နိုင်ငံတကာအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလေ့ကျင့်ခန်းဖွင့်အခမ်းအနားကိုရုရှားနိုင်ငံ အရှေ့ပိုင်း ပရီမိုစကီး ကိုင်းရှိအရှေ့ပိုင်းခရိုင်ဆာကျင်ဗ်စကီးတွင် စက်တင်ဘာ (၂၇)ရက်နေ့တွင်ကျင်းပပြု လုပ်ခဲ့ပါတယ်။

အခမ်းအနားတွင်မြန်မာနိုင်ငံမှအကြမ်းဖက်စစ်ကောင်စီ ညှိုနှိုင်းကွပ်ကဲရေးမှူး ( ကြည်း ၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ကြောင်းတွေ့ရှိရပါတယ်။

လေ့ကျင့်ခန်းကိုအာဆီယံနိုင်ငံများနဲ့ မိတ်ဖက်နိုင်ငံများအား တန်ပြန်တိုက်ဖျက်ရေးစွမ်းရည်မြှင့်တင်ရန် နဲ့ အခြားအတွေ့အကြုံများပြန်လည်မျှဝေရန် ရည်ရွယ် ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။

Zalen ad

၎င်းစစ်ဆင်ရေး လေ့ကျင့်ခန်းကို ပထမအဆင့်နဲ့ ဒုတိယအဆင့် ဖြင့်ပြုလုပ်ပြီးပထမအဆင့်အနေဖြင့်အကြမ်းဖက်မှုတန်ပြန်နှိမ်နှင်းရေးဆင်နွှဲရန်အတွက်စစ်ဆင်ရေးနဲ့ နည်းဗျူဟာအဆင့်အမိန့်ပေးအဖွဲ့များအကြားသဘောတရားကိုညှိုနှိုင်းဆုံးဖြတ်ခြင်းနဲ့ ဒုတိယအဆင့်တွင်နိုင်ငံတကာမှနှိမ်နှင်းရေးတပ်ဖွဲ့အနေဖြင့်လက်တွေ့အသုံးချရန် လေ့ကျင့်ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။

ယင်း ပူးတွဲလေ့ကျင့်ရေးတွင် အာရှနိုင်ငံမှ အာဆီယံနိုင်ငံများဖြစ်တဲ့ ဘရူနိုင်း၊ ဗီယက်နမ်၊ကမ္ဘောဒီးယား၊ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံများတက်ရောက်ကြပြီး ရုရှားနဲ့ အိန္ဒိယတို့လည်း တက်ရောက်လေ့ကျင့်ကြပါတယ်။

လေ့ကျင့်ရေးတွင်ပါဝင်သောစစ်သည်တော် များအနေဖြင့်လည်း AK-19 ( 5.56 ×45 mm) ချေမှုန်းရေး ရိုင်ဖယ် သေနတ်များကိုင်ဆောင်ထားကြောင်းတွေ့ရပါတယ်။

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ရထားလမ်းတိုးချဲ့ရန် မီဇိုရမ်အမတ် ဘတ်ဂျက်တောင်းဆို

ဇန်နဝါရီ ၃၁၊ ၂၀၂၆ Zalen အိန္ဒိယ-မြန်မာနယ်စပ်အထိ ဆက်သွယ်မည့် ရထားလမ်းသစ်ဖောက်လုပ်ရေးအတွက် လာမည့် ၂၀၂၆-၂၇ ဘတ်ဂျက်နှစ်တွင် ရန်ပုံငွေခွဲဝေချထားပေးရန် မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် K Vanlalvena က ဗဟိုအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယမန်နေ့ ဇန်နဝါရီလ ...

ဆက်ဖတ်ရန်