မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်


မတ် ၄၊ ၂၀၂၆
Zalen

မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။

အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် အခုလို ပိတ်ပင်တာလို့ ဆိုပါတယ်။

“စစ်ပွဲနဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာသူတွေကို ဗြိတိန်နိုင်ငံက အမြဲတမ်းကာကွယ်ပေးသွားမှာ ဖြစ်ပေမယ့် ကျွန်မတို့ရဲ့ ဗီဇာစနစ်ကို အလွဲသုံးစားလုပ်တာမျိုးတော့ မရပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ ရက်ရောမှုကို အလွဲသုံးစားလုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံသားတွေကို တခါမှမလုပ်ဖူးတဲ့ ဆုံးဖြတ်ချက် ချရတာ ဖြစ်ပါတယ်။” လို့ ယူကေ ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood) က ပြောကြားခဲ့ပါတယ်။

Zalen ad

နိုင်ငံရေးခိုလှုံခွင့်လျှောက်သူ အရေအတွက်ရဲ့ ၁၃ ရာခိုင်နှုန်းဟာ သင်ကြားရေးဗီဇာနဲ့ရောက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး ဥပဒေနဲ့အညီ ဝင်ရောက်လာခဲ့ပြီးနောက် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီထဲက မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာက ၁၆ ဆ မြင့်လာတယ်လို့ ဖော်ပြပါတယ်။

ယူကေကို သင်ကြားရေးဗီဇာနဲ့ရောက်လာတဲ့ အာဖဂန်နိုင်ငံသား ၉၅ ရာခိုင်နှုန်းက ခိုလှုံခွင့်တောင်းသလို ကင်မရွန်းနဲ့ ဆူဒန်ကနေ ၃၃၀ ရာခိုင်နှုန်းကျော်အထိ တိုးလာတာပါ။

၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားဗီဇာနဲ့ ဝင်ရောက်လာပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုတွေကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီး ထပ်မံဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ဒါအပြင် အာဖဂန်နိုင်ငံရဲ့ ကျွမ်းကျင်လုပ်သားဗီဇာကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

Helen

ကိုးကား – DW

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်