ရခိုင်တပ်မတော်ကနှိပ်စက်လို့ ကူချောင်းဖျားရွာသားတွေ ထွက်ပြေးတိမ်းရှောင်

ပလက်ဝမြို့နယ် ကူချောင်းဖျားကျေးရွာသားတွေကို အေအေတပ်မတော်သားတွေကနှိပ်စက်ခဲ့လို့ မေလ(၁၈)ရက်နံနက်မှာ ဇဉ်ဘောင်းပြင်ရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့သတင်းရရှိပါတယ်။

မေလ(၁၆)ရက်ညနေ (၃)နာရီမှာ ကူချောင်းဖျားရွာသို့ အေအေတပ်သား(၂၀၀)ခန့်ဝင်လာပြီးတစ်နာရီကျော်ကြာတစ်အိမ်တက်ဆင်းပြီးတွေ့သမျှလူတွေကို ရိုက်နှိပ်ခြိမ်းခြောက်ခဲ့လို့ အခုလိုထွက်ပြေးလာခြင်းဖြစ်ပါတယ်။ အေအေတပ်သားတွေဟာ မေ(၁၆)ရက်ညကို ကူချောင်းဖျားရွာမှာအိပ်ပြီး မေ(၁၇)ရက်နံနက်ပိုင်းမှာပြန်လည်ထွက်ခွာကြတယ်လို့ ကူချောင်းဖျားရွာသားတွေကဆိုပါတယ်။ 

“အိမ်ကိုတက်ပြီး ကလေးလူကြီးမရွေးအကုန်ရိုက်ကြတယ်။ ခြေထောက်နဲ့ကန်၊ လက်သီးနဲ့ထိုး၊ တုတ်နဲ့လည်းရိုက်တယ်။ ဓားတွေသေနတ်တွေနဲ့ထောက်တယ်။ ဓားမြတိုက်သလိုပဲ။ ပစ္စည်းကောင်းတဲ့ဟာ ဘောင်းဘီကအစအကုန်လုံးယူတယ်။ ပိုက်ဆံလည်းယူတယ်။ တွေ့သမျှအကုန်ယူတယ်။ ရွာကရခိုင်တစ်ယောက်ဆီက ဝက်တစ်ကောင်ယူပြီး တစ်သိန်းပေးတယ်”လို့ ကူချောင်းဖျားရွာသား ဦးသန်းထွန်း(၃၀နှစ်)က Zalen သတင်းဌာနသို့ပြောပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလတုန်းက အေအေနဲ့မြန်မာတပ်မတော်တိုက်ပွဲကြောင့် ကုလားတန်မြစ်ဘေးကစစ်ဘေးရှောင်များအားတွေ့ရစဉ်

ထွက်ပြေးလာတဲ့ ကူချောင်းဖျားရွာဟာအိမ်ခြေ(၁၂)အိမ်ရှိပြီး ရွာထဲမှာ(၅)အိမ်ကျန်သေးတယ်လို့သိရတယ်။ ထွက်ပြေးလာတဲ့သူတွေဟာ (၆၁)ယောက်ရှိပြီး အသက်(၁၀)နှစ်အောက်ကလေး(၁၃)ယောက်ရှိပါတယ်။

ခုချိန်မှာတော့ ဇဉ်ဘောင်းပြင်ရွာ စာသင်ကျောင်းမှာအားလုံးနေထိုင်ကြပြီး ၄င်းရွာက အစားအသောက်ထောက်ပံ့နေပါတယ်။

အေအေတပ်မတော်နဲ့မြန်မာတပ်မတော်ဟာ ပလက်ဝမြို့နယ်မှာ ၂၀၁၅ ခုနှစ်မတ်လကစပြီး ၂၀၁၇ ခုနှစ်နိုဝင်ဘာလနဲ့ ၂၀၁၈ ခုနှစ် မေလ(၃)ရက်တွေမှာ အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အရင်စစ်ပွဲတွေကြောင့် ပလက်ဝမြို့နယ်ကနေ အိန္ဒိယဘက်သို့ထွက်ပြေးသွားတဲ့ ဖွေလိုက်ဝ၊ မွေလိုက်ဝ၊ ပကာဝ၊ စတင်ဝနဲ့မြိတ်ဝရွာတွေက စစ်ဘေးရှောင်တွေဟာ ၄င်းတို့နေထိုင်ရာမူလရွာကိုပြန်လည်ပြောင်းရွေ့ကြပေမယ့် ကုန်ပြင်ရွာ(၆၇)အိမ်နဲ့ ပီတောင်ရွာ(၁၅)အိမ်တို့ကတော့ အခုထိစစ်ဘေးရှောင်နေကြဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်