ရိုးမဘဏ်၊ ဧရာ၀တီဘဏ်တွေအပါအ၀င် အိမ်ရာချေးငွေ ပိုချေးတဲ့ ဘဏ် ၇ခု အရေးယူခံရ

ဇူလိုင် ၂၊ ၂၀၂၄။

Zalen

အိမ်ရာချေးငွေကို ဗဟိုဘဏ်သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးတဲ့အတွက် ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။

အရေးယူခံရမယ့် ဘဏ်တွေကတော့ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာ၀တီဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွေ ဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်တွေကို စစ်ဆေးကြီးကြပ်မှုအားနည်းတဲ့ ဗဟိုဘဏ်ကတာဝန်ရှိသူတွေကိုလည်း စိစစ်အရေးယူ သွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရိုးမဘဏ်ဟာ ဗဟိုဘဏ်သတ်မှတ်နှုန်းထက် ၁၁ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားပြီး မြန်မာနိုင်ငံသားများဘဏ်က ၈ ဒသမ ၉၄ ရာ ခိုင်နှုန်း၊ ဧရာ၀တီဘဏ်က ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အသေးစား အလတ်စားလုပ် ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှာ ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ UAB မှာ ၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုမှာ ၀ ဒသမ ၃၉၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်က ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းနဲ့ ကျော်လွန်ကာ အသီးသီး ထုတ်ချေးထားကြတယ်လို့ ဖော်ပြထားပါတယ်။

အခုလိုထုတ်ချေးခဲ့တဲ့ ဘဏ်တွေကို ဗဟိုဘဏ်ရဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ထိရောက်တဲ့ ဒဏ်ကြေးပေးဆောင်စေမှာဖြစ်တယ်လို့ဆိုပါတယ်။

အရေးယူခံရတဲ့ ဘဏ်တွေထဲမှာ ပါ၀င်တဲ့ ယူနိုက်တက်အမရာဘဏ် (UAB)ဟာ စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်သောင်း သားများပိုင်ဆိုင်ပြီး ဧရာဝတီဘဏ်ကို ခရိုနီ ဦးဇော်ဇော်က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်