လုမ်ဘန်ကျေးရွာက စားသောက်ကုန်တွေနဲ့ အိမ်သုံးပစ္စည်းတွေ အကြမ်းဖက်စစ်ကောင်စီတွေခိုးယူသွား

ဖလမ်းမြို့နယ်၊ လုမ်ဘန်ကျေးရွာတွင် မနေ့ညက ညအိပ်စခန်းချခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီနေ့ အောက်တိုဘာ ၁၂ ရက် မနက် ၈ နာရီလောက်က ဖလမ်းမြို့ဘက်သို့ဆက်လက်ထွက်ခွာကြပါတယ်။

လုမ်ဘန်ကျေးရွာက အထကကျောင်းနဲ့ တိုက်နယ်ဆေးရုံတွင် ညအိပ်ကြပြီး ရွာထဲစားသောက်ဆိုင်က တီဗီ ၃၂ လက်မ၊ ၄ သိန်းဖိုး ဆီ၊ ဆန် ၂ အိတ်၊ ကောင်တာပေါ်ကပစ္စည်းတွေအကုန်လုံးခိုးယူကြပါတယ်။

ဒါ့ပြင် ဆောက်လုပ်ရေးရုံးထဲက ဆိုင်ကယ် တစ်စီးနဲ့ ဒီဇယ် ၁ ပေပါ၊ ရွာသားအိမ်ထဲက ကွန်ပျူတာတစ်လုံး၊ ဘုရားအတွက်ပေးလှူမယ့်ငွေတွေ၊ ကြက်နဲ့ ဘဲတွေလည်း သတ်စားကြတယ်လို့သိရတယ်။

လုမ်ဘန်ရွာသားတစ်ယောက်က “ကား အစီး ၅၀ နဲ့ရောက်လာကြတယ်။ ဘိုတဲမှာမနေ့က ဇောင်လေဲရွာက စစ်တပ် CDM တစ်ယောက်ရဲ့ မိသားစုဝင်တွေထားကြတယ်။ ဒီမနက်ထွက်သွားတဲ့ချိန်မှာ ခေါ်သွားကြတယ်။ ရွာပြင်ရောက်တဲ့ချိန်မှာ သေနတ်တွေပစ်ဖောက်ကြတယ်။ သူတို့ပစ္စည်းတွေခိုးတာက အိမ်ထဲမှာမရှိဘဲရှောင်ပြေးကြတဲ့လူတွေရဲ့ အိမ်ကိုဝင်တာ။ သူတို့စခန်းချတဲ့အနီးနားကအိမ်တွေပေါ့။ မရှောင်ဘူးဆိုရင်လည်း တခုခုလုပ်ခံရမှာလည်းကြောက်ရတယ်လေ” လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မဏိပူရ်မြစ်ကူး ဗားရ်တံတားတွင် မနက် ၁၁ နာရီထိ ရပ်နားနေတယ်လို့သိရတယ်။ ဖလမ်းမြို့ကနေလည်း ရဲကားတွေနဲ့သွားကြိုနေတယ်လို့သိရတယ်။

Zawgyi

လုမ္ဘန္ေက်းရြာက စားေသာက္ကုန္ေတြနဲ႔ အိမ္သံုးပစၥည္းေတြ အၾကမ္းဖက္စစ္ေကာင္စီေတြခိုးယူသြား

ဖလမ္းၿမိဳ႕နယ္၊ လုမ္ဘန္ေက်းရြာတြင္ မေန႔ညက ညအိပ္စခန္းခ်ခဲ့တဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြဟာ ဒီေန႔ ေအာက္တုိဘာ ၁၂ ရက္ မနက္ ၈ နာရီေလာက္က ဖလမ္းၿမိဳ႕ဘက္သို႔ဆက္လက္ထြက္ခြာၾကပါတယ္။

လုမ္ဘန္ေက်းရြာက အထကေက်ာင္းနဲ႔ တိုက္နယ္ေဆးရံုတြင္ ညအိပ္ၾကၿပီး ရြာထဲစားေသာက္ဆိုင္က တီဗီ ၃၂ လက္မ၊ ၄ သိန္းဖိုး ဆီ၊ ဆန္ ၂ အိတ္၊ ေကာင္တာေပၚကပစၥည္းေတြအကုန္လံုးခိုးယူၾကပါတယ္။

ဒါ့ျပင္ ေဆာက္လုပ္ေရးရံုးထဲက ဆုိင္ကယ္ တစ္စီးနဲ႔ ဒီဇယ္ ၁ ေပပါ၊ ရြာသားအိမ္ထဲက ကြန္ပ်ဴတာတစ္လံုး၊ ဘုရားအတြက္ေပးလွဴမယ့္ေငြေတြ၊ ၾကက္နဲ႔ ဘဲေတြလည္း သတ္စားၾကတယ္လုိ႔သိရတယ္။

လုမ္ဘန္ရြာသားတစ္ေယာက္က “ကား အစီး ၅၀ နဲ႔ေရာက္လာၾကတယ္။ ဘိုတဲမွာမေန႔က ေဇာင္ေလဲရြာက စစ္တပ္ CDM တစ္ေယာက္ရဲ႕ မိသားစုဝင္ေတြထားၾကတယ္။ ဒီမနက္ထြက္သြားတဲ့ခ်ိန္မွာ ေခၚသြားၾကတယ္။ ရြာျပင္ေရာက္တဲ့ခ်ိန္မွာ ေသနတ္ေတြပစ္ေဖာက္ၾကတယ္။ သူတို႔ပစၥည္းေတြခိုးတာက အိမ္ထဲမွာမရွိဘဲေရွာင္ေျပးၾကတဲ့လူေတြရဲ႕ အိမ္ကိုဝင္တာ။ သူတို႔စခန္းခ်တဲ့အနီးနားကအိမ္ေတြေပါ့။ မေရွာင္ဘူးဆိုရင္လည္း တခုခုလုပ္ခံရမွာလည္းေၾကာက္ရတယ္ေလ” လုိ႔ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ မဏိပူရ္ျမစ္ကူး ဗားရ္တံတားတြင္ မနက္ ၁၁ နာရီထိ ရပ္နားေနတယ္လုိ႔သိရတယ္။ ဖလမ္းၿမိဳ႕ကေနလည္း ရဲကားေတြနဲ႔သြားၾကိဳေနတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်