လေကြောင်းခရီးသွားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကောက်ခံနေတဲ့အပေါ် လုံခြုံရေးစိုးရိမ်နေကြ  

၁၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

လေယာဉ်စီးနင်းတဲ့ ခရီးသွားတွေရဲ့ ကိုယ်ရေးဆိုင်ရာ အချက်အလက်တွေကို လေယာဉ်ပေါ် မတက်မီမှာ လေဆိပ်အာဏာပိုင်တွေက ကောက်ခံနေတဲ့အပေါ် ခရီးသွားတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

ခရီးသွားမယ့်သူရဲ့ အမည်၊ ဖခင်ဖြစ်သူရဲ့ အမည်၊ နိုင်ငံသားမှတ်ပုံတင်နံပါတ်တွေကို ဖြည့်စွက်ရတဲ့အပြင် အမြဲတမ်းနေရပ်လိပ်စာကိုပါ ထည့်သွင်း ဖြည့်စွက်ခဲ့တယ်လို့ ခရီးသွားတွေက ပြောပါတယ်။

Zalen ad

လေဆိပ်အာဏာပိုင်တွေဟာ ခရီးသွားတွေ ထွက်ခွာလာတဲ့ လိပ်စာအပြင် သွားရောက်ရမယ့် လိပ်စာအထိပါ စွက်ဖြည့်ခိုင်းပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုပါ ဖြည့်ခိုင်းတာဖြစ်ပါတယ်။

“ ပြည်တွင်း ခရီးသွားလာတာက အရင်ကဆို ဘာမှ မဖြည့်ခိုင်းဘူးလေ။ အခုဟာ အကုန်ဖြည့်ခိုင်းတာ။ အမြဲတမ်းလိပ်စာတို့၊ ထွက်သွားတဲ့ မြို့လိပ်စာတို့၊ ကိုယ်သွားမယ့် လိပ်စာတွေအထိပါ ဖြည့်ခိုင်းတာဆိုတော့ ဘာလဲပေါ့နော်။ အောက်တိုဘာ ၃၀လောက်မှာ ကျွန်တော်က သွားတာ၊ အဲ့တာကို ရန်ကုန်လေဆိပ်မှာ သူတို့ ပေးတဲ့ ဖောင်နဲ့ ဖြည့်ရတာ။ ကိုယ့်အချက်အလက်တွေ ဖြည့်ပေးရတာဆိုတော့ အခုက လုံခြုံရေးအတွက် စိုးရိမ်တာပေါ့။ ” လို့  ခရီးသွားတစ်ဦးက ပြောပါတယ်။

ခရီးသွားတွေရဲ့ ကိုယ်ရေးအချက်အလက် မှတ်တမ်းယူတာကို အောက်တိုဘာ လကုန်ပိုင်းကစတင် ကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်