လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းတဲ့နေ့ ကြေညာ

ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းတဲ့နေ့နဲ့ ပြန်လည်ရုပ်သိမ်းခြင်းတွေအတွက် နေ့ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ(၂၅)ရက်မှာကြေညာခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ(၂)ရက်နေ့မှ ဇူလိုင်လ(၁၁)ရက်ထိဖြစ်ပြီး ဇူလိုင်လ (၁၆)ရက်မှ (၂၂)ရက်ထိ အမည်စာရင်းတင်သွင်းလွှာတွေ စိစစ်မှာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ(၈)ရက်နေ့ထုတ်ပြန်လိုက်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လစ်လပ်မဲဆန္ဒနယ် (၁၂)နေရာရှိပါတယ်။ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ(၁)ရက်၊ ၂၀၁၇ ခုနှစ် ဧပြီ(၁)ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်