ဟားခါးမြို့ပေါ်တွင် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်များ မကျင်းပကြဖို့ HCMF ဆုံးဖြတ်ချက်ကြေညာ

၁၀ နိုဝင်ဘာ ၂၀၂၃။

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ နှစ်စဥ်နှစ်တိုင်းကျင်းပပြုလုပ်တဲ့ ခရစ္စမတ်ပွဲတော်နဲ့  နှစ်သစ်ကူးပွဲတော်ကြီးဟာ ခရစ်ယာန်ဘာဝင်များအထွက်အမြတ်အလွန်ထားတဲ့ ပွဲတော်ကြီးနှစ်ခုဖြစ်ပြီး ယခုနှစ် ၂၀၂၃ ဒီဇင်ဘာ ၂၅ ရက်နေ့(ခရစ္စမတ်နေ့) နဲ့ ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့(နှစ်သစ်ကူးပွဲ)များ မကျင်းပရန် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့(HCMF)က ကြေညာထားကြောင်းသိရပါတယ်။

ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့မှ ခရစ္စမတ်နဲ့နှစ်သစ်ကူးပွဲတော်များ ကျင်းပပြုလုပ်ရေးနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၄ ရက်နေ့တွင် အစည်းအဝေးတစ်ခုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ခရစ္စမတ် နဲ့ နှစ်သစ်ကူး နဲ့ပတ်သက်ပီး HCMF မှ ဆုံးဖြတ်ချက်ထဲမှာ အခုလိုဖော်ပြထားပါတယ်။

နိုင်ငံရေးခြေနေကြောင့် ခရစ္စမတ် နဲ့နှစ်သစ်ကူးပွဲမလုပ်ဖြစ်တာ  ၃ နှစ်ရှိပီးဖြစ်သော်လည်း ဘာဘဲဖြစ်ဖြစ် ဒီနှစ်လည်းဘဲ ကိုယ့်ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းခြင်းပြုလုပ်ကြရင်အကောင်းဆုံးဖြစ်မှာမို့လို့ အောက်မှာဖော်ပြသတဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပေးကြဖို့ HCMF မှကြေညာအပ်ပါတယ်။

၁။ ဒီနှစ် ခရစ္စမတ် နဲ့ နှစ်သစ်ကူးပွဲ ( အသားပေါ်ပြီးအတူစားသုံးပွဲလုပ်ခြင်း) မပြုလုပ်ရန်နဲ့ ဘုရားကျောင်မှာဘဲ ပွဲ ဝတ်ပြုဆုတောင်းခြင်းသာ ပြုလုပ်ကြရန်၊

၂။ ဘုရားကျောင်း ရပ်ကွက် နဲ့ ကိုယ်ပိုင် ဖြင့် ခရစ္စမတ် နဲ့ နှစ်သစ်ကူးကို အသားသတ်အတူစားသုံးခြင်းဖြင့်မပြုလုပ်ရန်၊

၃။ ဘုရားကျောင်းထဲ၌သာ အလှဆင်ကြရန်၊ ဘုရားကျောင်းပြင်ပမှာ ဆိုင်းဘုတ်သာ ပြင်ဆင်ရန်၊

၄။ ကိုယ်ပိုင်အိမ်များလည်း အိမ်ထဲကိုသာအလှဆင်ရန် နဲ့ လမ်း နဲ့တခြားနေရာများ အလှဆင်ခြင်းမပြုလုပ်ရန်၊ လို့ဖော်ပြထားပါတယ်။

HCMF ရဲ့ ယခုလိုထုတ်ပြန်ချက်အပေါ် ဟားခါးမြို့ ဒေသခံတစ်ဦးက ” အခုလိုကြေညာချက်ထုတ်တာတော့ကောင်းပါတယ်။ တစ်ချို့ပြည်သူတွေ အသက်နဲ့ရင်းပြီးတိုက်ပွဲဝင်တဲ့အချိန် ကိုယ်တွေကပျော်ရွှင်နေတာတော့ သဘာဝမကျဘူး။ အရင်က Carol sing တွေ သွားခဲ့ရတဲ့အချိန်တွေလည်းလွမ်းမိတာပေါ့။ တစ်ဖက်ကနေတွေးကြည့်ရင်တော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်မလုပ်ရဘူးဆိုတော့ မင်္ဂလာဆောင်ပွဲတော့ လုပ်ခွင့်ပေးတဲ့သဘောလားမေးခွန်းထုတ်စရာဘဲ။ ဒါပေမယ့်အများနဲ့ အလုပ်လုပ်နေတာဆိုတော့ ဒါဟာအဖြစ်သင့်ဆုံးလို့မြင်မိပါတယ်” လို့ မှတ်ချက်ချပြောပြသွားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အခါကြီးရက်ကြီးပွဲများ မကျင်းပနိုင်တာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ယခင်ခေတ်ကောင်းခဲ့စဥ်တွင် ဟားခါးမြို့ လမ်းဆုံလမ်းခွဲများနဲ့ ဟားခါး View point တွေမှာ ခရစ္စမတ်ရဲ့အမှတ်လက္ခဏာများဖြစ်တဲ့ ရောင်စုံမီးများ၊ အလှပန်းများဖြင့် ဟားခါးမြို့တော်ကြီးကို အလှပဆုံးဆင်မျဥ်းခဲ့ကြကြောင်းသိရပါတယ်။

သတင်း – DT

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်