အကြမ်းဖက်စစ်ကောင်စီတပ်က ဆိုင်ကယ်၊ ပိုက်ဆံ နဲ့ ကြက်တွေခိုးယူသွား

ကလေးမြို့တောင်ဘက် ကလေး-ဂန့်ဂေါကားလမ်းဘေးက ချောင်းခွရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မနေ့ အောက်တိုဘာ ၄ ရက်ညက ညအိပ်ရပ်နားပြီး ရွာထဲက ဆိုင်ကယ် ၃ စီး၊ ပိုက်ဆံ ၇ သိန်းနဲ့ ကြက်တွေသတ်စားပြီးခိုးယူသွားတယ်လို့ သတင်းရရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီမနက် ၉ နာရီလောက်က စစ်ကား အကြီး ၂ စီးနဲ့ ကလေးမြို့ဘက်သို့ ပြန်သွားကြပါတယ်။

ဒါကြောင့် ချောင်းခွရွာသားတွေဟာ ရွာထဲတွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

မနေ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီလောက်တွင် ကလေးမြို့ကနေ စစ်ကား ၁၀ စီးခန့် ချောင်းခွရွာနားက ပန်းမွန်ချောင်းတံတားအကျော်တွင် မိုင်းရှာနေစဉ် PDF (Kalay) တပ်ဖွဲ့ မိုင်းတစ်လုံးဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တာကြာင့် စစ်သား ၉ ယောက်သေဆုံးတယ်လို့ PDF (Kalay) ယနေ့ အောက်တိုဘာ ၅ ရက်ကထုတ်ပြန်ထားပါတယ်။

စစ်ကားအချို့ဟာ ချင်းပြည်နယ် ပါမွန်းချောင်းရွာဘက်သို့ဆက်တက်သွားပြီးပြန်လှည့်ရာ စစ်ကား ၂ စီးက ချောင်းခွရွာတွင် ညအိပ်ပြီး အခြားစစ်ကားတွေကတော့ ကလေးမြို့သို့ပြန်လှည့်သွားကြပါတယ်။

Zawgyi

အၾကမ္းဖက္စစ္ေကာင္စီတပ္က ဆိုင္ကယ္၊ ပိုက္ဆံ နဲ႔ ၾကက္ေတြခိုးယူသြား

ကေလးၿမိဳ႕ေတာင္ဘက္ ကေလး-ဂန္႔ေဂါကားလမ္းေဘးက ေခ်ာင္းခြရြာတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြဟာ မေန႔ ေအာက္တုိဘာ ၄ ရက္ညက ညအိပ္ရပ္နားၿပီး ရြာထဲက ဆိုင္ကယ္ ၃ စီး၊ ပိုက္ဆံ ၇ သိန္းနဲ႔ ၾကက္ေတြသတ္စားၿပီးခိုးယူသြားတယ္လုိ႔ သတင္းရရွိပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြဟာ ဒီမနက္ ၉ နာရီေလာက္က စစ္ကား အၾကီး ၂ စီးနဲ႔ ကေလးၿမိဳ႕ဘက္သို႔ ျပန္သြားၾကပါတယ္။

ဒါေၾကာင့္ ေခ်ာင္းခြရြာသားေတြဟာ ရြာထဲတြင္ မေနရဲဘဲ ထြက္ေျပးတိမ္းေရွာင္ၾကပါတယ္။

မေန႔ ေအာက္တုိဘာ ၄ ရက္ ညေန ၅ နာရီေလာက္တြင္ ကေလးၿမိဳ႕ကေန စစ္ကား ၁၀ စီးခန္႔ ေခ်ာင္းခြရြာနားက ပန္းမြန္ေခ်ာင္းတံတားအေက်ာ္တြင္ မုိင္းရွာေနစဥ္ PDF (Kalay) တပ္ဖြဲ႔ မိုင္းတစ္လံုးေဖာက္ခြဲၿပီး လက္နက္ငယ္ေတြနဲ႔ပစ္ခတ္တာၾကာင့္ စစ္သား ၉ ေယာက္ေသဆံုးတယ္လုိ႔ PDF (Kalay) ယေန႔ ေအာက္တုိဘာ ၅ ရက္ကထုတ္ျပန္ထားပါတယ္။

စစ္ကားအခ်ဳိ႕ဟာ ခ်င္းျပည္နယ္ ပါမြန္းေခ်ာင္းရြာဘက္သုိ႔ဆက္တက္သြားၿပီးျပန္လွည့္ရာ စစ္ကား ၂ စီးက ေခ်ာင္းခြရြာတြင္ ညအိပ္ၿပီး အျခားစစ္ကားေတြကေတာ့ ကေလးၿမိဳ႕သို႔ျပန္လွည့္သြားၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်