အကြမ်းဖက် စစ်ကောင်စီတပ်တွေ စစ်ဖိနပ်နဲ့ စေတီပေါ်မှာ တပ်စွဲထား

မင်းတပ်မြို့ကို အပေါ်စီးက လှမ်းမြင်နိုင်တဲ့ စံမင်းသီရိဘုရားပေါ်တက်ပြီး စစ်ကောင်စီတပ်သားတွေ ဒီမနက်နေရာ ယူထားကြပါတယ်။

ဒီနေ့ ဇူလိုင် ၂၁ ရက် မနက် ၆ နာရီဝန်းကျင်မှာ ထီးလင်းမြို့နယ်အနီး ရွှေတွင်းတူးကျေးရွာ (Ghui kyum) တဝိုက်မှာ CDF Mindat နဲ့ အကြမ်းဖက်သမားတွေကြား ပစ်ခတ်မှုဖြစ်ပွားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၉ ရက်ကစပြီး စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာတာကြောင့် အခုလို တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်။

ခုချိန်မှာ မင်းတပ်မြို့နယ် စစ်ဘေးရှောင်ဒုက္ခသည်ပြည်သူတွေအတွက် လူသုံးကုန်ပစ္စည်းတွေတင်လာတဲ့ UNHCR ရဲ့ လူသားချင်းစာနာထောက်ထားမှုကားတွေလည်း မင်းတပ်မြို့ထဲမှာရှိနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။

ဒါပေမယ့် ယင်းပစ္စည်းတွေကို ရွာဘက်မှာရှိတဲ့ စစ်ဘေးရှောင်တွေထံထောက်ပံ့ဖို့ စစ်ကောင်စီက ခွင့်မပြုဘူးလို့သတင်းရရှိထားပါတယ်။ စစ်ဘေးရှောင်အများစုကလည်း ခုချိန်မှာ တောရွာဘက်မှာပဲရှိနေကြတယ်။

မင်းတပ်မြို့နယ်တွင် ဧပြီနဲ့ မေလကြား ၁ လကျော် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF Mindat ကြားတိုက်ပွဲကြောင်း စကစတပ် ၂၀၀ ကျော်သေဆုံးပြီး ပြည်သူ့တပ်ဘက်က ၂၄ ယောက်ကျဆုံးတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၉ ရက်ကထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်