၂၇၊ ဇန်နဝါရီ၊ ၂၀၂၅
Zalen
ကိုလံဘီယာထုတ်ကုန်တွေကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံမှာမဟုတ်ကြောင်း ထရမ့် ပြောကြား တာကို ဇန်နဝါရီ ၂၆ ရက်က CNN သတင်းမှာ ဖော်ပြထားပါတယ်။
အကောက်ခွန်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူတာတွေကို ခေတ္တရပ်ထားမှာဖြစ်ပြီး ကိုလံဘီယာအရာရှိတွေအပေါ် ဗီဇာပိတ်ဆို့မှုတွေနဲ့ ကိုလံဘီယာ နိုင်ငံသားတွေအပေါ် တင်းကျပ်တဲ့ အကောက်ခွန်စစ်ဆေးတာတွေကိုတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ် တယ်လို့ ထရမ့်က ပြောပါတယ်။
ဒါ့အပြင် ကိုလံဘီယာကနေ အမေရိကန်ဘက်ကို တရားမ၀င် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ တွေကို ကန့်သတ်မထားဘဲ လက်ခံဖို့ ကိုလံဘီယာနဲ့ သဘောတူခဲ့တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
ကိုလံဘီယာအစိုးရဘက်ကလည်း အမေရိကန်စစ်လေယာဉ်တွေအပါအဝင် အမေရိကန်ကနေ ပြန်လာတဲ့ တရား မဝင်ရွှေ့ပြောင်းတွေကို ကန့်သတ်တာမရှိဘဲ လက်ခံတာအပါအဝင် သမ္မတ ထရမ့်ရဲ့ စည်းကမ်းချက်တွေအားလုံး ကို သဘောတူခဲ့ကြောင်း ပြောကြားထားပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့က အမေရိကန်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ဖို့ အမေရိကန်ကနေ ကိုလံဘီယာဆီကို ပျံသန်းလာတဲ့ လေယာဉ် နှစ်စင်းကို ကိုလံဘီယာဘက်က ဆင်းသက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဒေါ်နယ်ထရမ့်ဟာ ကိုလံဘီယာရဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ကြေညာခဲ့ပြီး ကိုလံဘီယာသမ္မတကလည်း အမေရိကန်ကုန်ပစ္စည်းတွေအပေါ်လည်း ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ ပြောလိုက်ပါတယ်။
အဲဒီနောက်ပိုင်မှာ ကိုလံဘီယာသမ္မတနဲ့ ထရမ့်တို့ သဘောတူညီမှုတချို့ ရရှိခဲ့ပြီး အခွန်စည်းကြပ်မှု ပြန်ဖြေလျော့နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခွင့်ပြုဖို့ ထရမ့်က ခွင့်ပြုခဲ့တာပါ။
အမေရိကန်မှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်နေတဲ့ ဘရာဇီးနိုင်ငံသားတွေကို လေယာဉ်နဲ့ ပြန်ပို့ခဲ့ပြီး နေရပ်ပြန်ပို့ သူတွေကို လက်ထိပ်ခတ်ပြီး ပြန်ပို့ခဲ့တာကြောင့် နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကိုမလေးစားဖြစ်တယ်လို့ ဘရားဇီးအစိုးရက ပြောထားပါတယ်။
Helen