အမေရိကန်သတင်းထောက်ကို သူလျှိုဟုစွပ်စွဲကာ ရုရှားဖမ်းဆီး

ရုရှားကတော့ ကြာသပတေးနေ့မှာပဲ အမေရိကန်နိုင်ငံက သတင်းဌာနဖြစ်တဲ့ Wall Street Journal သတင်းထောက်တစ်ဦးကို သူလျှိုဟုစွပ်စွဲကာ ဖမ်ဆီး တရားစွဲလိုက်ပါတယ်။

ဒါဟာ မော်စကိုနှင့် ဝါရှင်တန်အကြားက ဆက်ဆံရေး ပိုမိုတင်းမာလာစေမည့် ရုရှားရဲ့လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ Wall Street Journal ကတော့ ရုရှားရဲ့စွပ်စွဲမှုများကို ငြင်းဆန်ထားပြီး ယုံကြည်အားကိုးရပြီး အလုပ်ကြိုးစားသော သတင်းထောက်ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်ရဲ့ နာမည်ကတော့ အီဗန်ဂါရှ်ကိုဗစ်ရှ် (၃၁နှစ်) ဖြစ်ပါတယ်။ သူဟာ ရုရှားနိုင်ငံတွင် သတင်းထောက်အဖြစ် ၆ နှစ်အလုပ်လုပ်နေပြီးသူဟာ အမေရိကန်နိုင်ငံသူ ဘော့ဂတ်ဘောကစားသမားဖြစ်တဲ့ ဘရစ်နီဂရီနာ အဖမ်းခံရပြီးနောက် လူသိများပြီး အဖမ်းခံရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်လာပါတယ်။

ရုရှားထောက်လှမ်းရေးဌာနဖြစ်တဲ့ FSB ရဲ့ ပြောဆိုချက်အရ ဂါရှ်ကိုဗစ်ရှ်ဟာ အမေရိကန်အစိုးရရဲ့ အကျိုးစီးပွားအတွက် ထောက်လှမ်းရေးလုပ်နေကြောင်း ရုရှားစစ်တပ်ပိုင် စက်မှုလုပ်ငန်းတစ်ခုရဲ့ အချက်အလက်များကို စုဆောင်းခဲ့ကြောင်း ပြောပါတယ် သို့သော်လည်း ဘယ်လို အချက်အလက်တွေကို စုဆောင်းခဲ့တယ်ဆိုတာကိုတော့ ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။

Zalen ad

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်