အသစ်ပြင်ဆင်ဖွဲ့စည်းတဲ့ စစ်ကောင်စီရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒေါက်တာမှုထန်ထပ်မံပါဝင်

စစ်ကောင်စီရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ချင်းပြည်နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ထန်တလန်မြို့သား ဒေါက်တာမှုထန်လည်း ထပ်မံပါဝင်ကြောင်း  အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၂ ရက် ထုတ်ပြန်ချက်အရသိရသည်။  

၎င်းဟာ ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၂၃ ခုနှစ်က စစ်ကောင်စီရဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွင် စတင်ပါဝင်လာခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဥက္ကဌအဖြစ် တာဝန်ယူပြီး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဒုဗိုလ််ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့က တာဝန်အသီးသီးခန့်ထားကြသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zalen ad

ဒေါက်တာမှုထန်ဟာ ကြံ့ခိုင်ရေးပါတီမှ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ရာ ၁၉၉၀ ပြည့်နှစ် နဲ့ ၂၀၁၅ ခုနှစ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်