အိုင်ဇောလ်မြို့ရှိ ZMCH ဆေးရုံမှာ အလေးချိန် ၃၃ ကီလိုရှိတဲ့သားအိမ်အကြိတ်ကိုအောင်မြင်စွာခွဲစိတ်နိုင်

မတ် ၃ ၊ ၂၀၂၆

Zalen

Zalen ad

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာရှိတဲ့ Zoram Medical Center & Hospital – ZMCH ဆေးရုံ မှာ ၃၃ ကီလိုဂရမ်အလေးချိန်ရှိတဲ့ သားအိမ်အကြိတ်ကိုအောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပြီး ဒါဟာ ZMCH မှာခွဲစိတ်ဖူးခဲ့သမျှ မှာအကြီးဆုံးအကြိတ်ခွဲစိတ် ခြင်းဖြစ်တယ်လို့သိရပါတယ်။

မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ်ခရိုင်မှ အသက် ၄၀ အရွယ် ဒေါ်ပိန်းလာလ်မွေးအီး ဟာ ဝမ်းဗိုက်ကအကြိတ်နဲ့ အခြားနာမကျန်းဖြစ်မှုကြောင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ZMCH ကိုလာရောက်ပြသခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှု များပြုလုပ်ခဲ့ပါတယ်။

ZMCH ဆရာဝန်များကို စစ်ဆေးပြီးနောက် ဒါဟာ သားအိမ်အကြိတ်ဖြစ်တယ်လို့အတည်ပြုပြီးနောက် မန်နေ့ မတ်လ ၂ ရက်နေ့မှာခွဲစိတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါခွဲစိတ်မှုကို ZMCH ဆေးရုံ မီးယပ် နဲ့ မီးယပ်အထူးကုဌာန ၊ မေးဆေးဌာနတို့ပူးပေါင်းပြီးတာဝန်ယူခွဲစိတ်ခဲ့ ကြတာဖြစ်ပါတယ်။

ZMC မီးယပ်နဲ့ မီးယပ်အထူးကုဌာန အကြီးအကဲ ပါမောက္ခ ဒေါက်တာ ဗန်ရဲမ်မွေးအီး (Prof Dr Vanremmawii) ၊ ပါမောက္ခ ဒေါက်တာ လာလ်ရ

င်ဖဲလ်လာ ( Prof Dr  Lalrinfela)၊ မေ့ဆေး တွဲဖက်ပါမောက္ခ ဒေါက်တာ အစ္စရေး လာလ်ရမ်ထာရ်ရာ ( Dr Israel Lalramthara ) နဲ့ ၎င်းတို့ရဲ့ အဖွဲ့များက ခွဲစိတ်ခဲ့ခြင်းဖြစ်ပြီး ၁ နာရီခွဲကြာခွဲစိတ်ခဲ့ ကြတာဖြစ်ပါတယ်။

လက်ရှိမှာ လူနာကို ICU မှာထားရှိလျက်ရှိပြီး စိုးရိမ်စရာမရှိကြောင်း၊ ဒီအကြိတ်နဲ့ပတ်သက်ပြီး စုံစမ်းလေ့လာမှု များ ဆက်လုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

သတင်း – Mickey

⚠️ ဆေးဘက်ဆိုင်ရာပုံ(Medical Image)

ဒေသတွင်း ဆရာဝန်များမှ အလွန်ကြီးမားသည့် သားအိမ်အကြိတ်အလုံး (Uterine Fibroid) ကို အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။လူနာကို ICU မှာထားရှိလျက်ရှိပြီး စိုးရိမ်စရာမရှိ။

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်