ဦးဝမ္မသူးမောင်းကြေးရုပ် မင်းတပ်မြို့သို့ ရောက်ပြီ

ချင်းတိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်းရဲ့ ကြေးရုပ်ဟာ ဒီမနက် မင်းတပ်မြို့ ဝမ္မသူးမောင်းပန်းခြံသို့ရောက်ရှိနေပြီလို့သတင်းရရှိပါတယ်။

ယင်းကြေးရုပ်ကို မန္တလေးမြို့တွင် ကြေးသွင်းထားတာဖြစ်ပြီး အမြင့် ၆ ပေ၊ အကျယ် ၃ ပေ နဲ့ အုတ်တိုင်းအမြင့် ၉ ပေပြုလုပ်ကာ$y05*HJG($zM0I8o ဖေဖော်ဝါရီလ ချင်းအမျိုးသားနေ့ အမီဖွင့်ပွဲကျင်းပနိုင်ဖို့ရည်ရွယ်ထားပါတယ်။

ဦးဝမ္မသူးမောင်း ကြေးရုပ်ဖြစ်မြောက်ရေးကော် ဥက္ကဌ ဆလိုင်းကီးရှိန်းက “ကြေးရုပ်က ဒီမနက် (၅)နာရီမှာ မင်းတပ်ကိုရောက်လာခဲ့ပြီ။ အရင်က ဖွဲ့ပွဲကို ဖေဖော်ဝါရီလ (၁၇)ရက်မှာလုပ်ဖို့စီစဉ်ပေမယ့် ဝန်ကြီးတွေမအားတာကြောင့် ဘယ်နေ့လုပ်မယ်ဆိုတာ မသေချာသေးဘူး။ ဖွဲ့ပွဲအတွက် အဆင်သင့်ဖြစ်အောင် အခု ပန်းခြံမုဒ်ဦးစလုပ်တော့မယ်။ လမ်းမဘက်ကို အုတ်တံတိုင်ခတ်ထားပြီ။ အနောက်ဘက်ကိုတော့ သံဆူးကြိုးတွေနဲ့ကာထားပြီ” လို့ပြောပါတယ်။

Zalen ad

လက်ရှိအချိန်ထိ ပန်းခြံတည်ဆောက်ရေးတွင် ကျပ်သိန်း ၃၀၀ ကျော်၊ ကြေးရုပ်အတွက် သိန်း ၁၂၀ ကျော် အသုံးပြုထားပါပြီ။ ယင်းကုန်ကျစရိတ်အားလုံးဟာ ပြည်သူလူထုရဲ့အလှူငွေနဲ့ တည်ဆောက်ထားတာပါ။

ဦးဝမ္မသူးမောင်းကြေးရုပ် ပန္နက်တင်အခမ်းအနားကို ၂၀၁၉၊ နိုဝင်ဘာလ(၁၇)ရက် မနက် (၈)နာရီတွင် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြုလုပ်ထားပါတယ်။

ဦးဝမ္မသူးမောင်းကြေးရုပ်ကို ဆောမြို့ဘက်မှ မင်းတပ်မြို့အဝင် အိုအေစစ်ဟိုတယ်အနီး ဦးဝမ္မသူးမောင်းပန်းခြံ ၃ ဒသမ ၄၂ ဧကအကျယ်အဝန်းပေါ်မှာ တည်ဆောက်မှာဖြစ်ပါတယ်။

ဦးဝမ္မသူးမောင်းကြေးရုပ် နှင့်ပန်းခြံပြုလုပ်ရန် ၂၀၁၆ ခုနှစ်ကစတင်လုပ်ဆောင်ပေမယ့် အကြောင်းအမျိုးမျိုးအစီအစဉ်ရပ်တန့်ကာ အခုတဖန် မြို့နယ်အုပ်ချုပ်ရေး နဲ့ ဒေသခံပြည်သူများ ပူးပေါင်းကာ ပြန်လည်စီစဉ်ရခြင်းဖြစ်ပါတယ်။

(Zawgyi)

ဦးဝမၼသူးေမာင္းေၾကး႐ုပ္ မင္းတပ္ၿမိဳ႕သို႔ ေရာက္ၿပီ

ခ်င္းတိုင္းရင္းသားေတာ္လွန္ေရးေခါင္းေဆာင္ ဦးဝမၼသူးေမာင္းရဲ႕ ေၾကး႐ုပ္ဟာ ဒီမနက္ မင္းတပ္ၿမိဳ႕ ဝမၼသူးေမာင္းပန္းၿခံသို႔ေရာက္ရွိေနၿပီလို႔သတင္းရရွိပါတယ္။

ယင္းေၾကး႐ုပ္ကို မႏၲေလးၿမိဳ႕တြင္ ေၾကးသြင္းထားတာျဖစ္ၿပီး အျမင့္ ၆ ေပ၊ အက်ယ္ ၃ ေပ နဲ႔ အုတ္တိုင္းအျမင့္ ၉ ေပျပဳလုပ္ကာ$y05*HJG($zM0I8o ေဖေဖာ္ဝါရီလ ခ်င္းအမ်ိဳးသားေန႔ အမီဖြင့္ပြဲက်င္းပႏိုင္ဖို႔ရည္႐ြယ္ထားပါတယ္။

ဦးဝမၼသူးေမာင္း ေၾကး႐ုပ္ျဖစ္ေျမာက္ေရးေကာ္ ဥကၠဌ ဆလိုင္းကီးရွိန္းက “ေၾကး႐ုပ္က ဒီမနက္ (၅)နာရီမွာ မင္းတပ္ကိုေရာက္လာခဲ့ၿပီ။ အရင္က ဖြဲ႕ပြဲကို ေဖေဖာ္ဝါရီလ (၁၇)ရက္မွာလုပ္ဖို႔စီစဥ္ေပမယ့္ ဝန္ႀကီးေတြမအားတာေၾကာင့္ ဘယ္ေန႔လုပ္မယ္ဆိုတာ မေသခ်ာေသးဘူး။ ဖြဲ႕ပြဲအတြက္ အဆင္သင့္ျဖစ္ေအာင္ အခု ပန္းၿခံမုဒ္ဦးစလုပ္ေတာ့မယ္။ လမ္းမဘက္ကို အုတ္တံတိုင္ခတ္ထားၿပီ။ အေနာက္ဘက္ကိုေတာ့ သံဆူးႀကိဳးေတြနဲ႔ကာထားၿပီ” လို႔ေျပာပါတယ္။

လက္ရွိအခ်ိန္ထိ ပန္းၿခံတည္ေဆာက္ေရးတြင္ က်ပ္သိန္း ၃၀၀ ေက်ာ္၊ ေၾကး႐ုပ္အတြက္ သိန္း ၁၂၀ ေက်ာ္ အသုံးျပဳထားပါၿပီ။ ယင္းကုန္က်စရိတ္အားလုံးဟာ ျပည္သူလူထုရဲ႕အလႉေငြနဲ႔ တည္ေဆာက္ထားတာပါ။

ဦးဝမၼသူးေမာင္းေၾကး႐ုပ္ ပႏၷက္တင္အခမ္းအနားကို ၂၀၁၉၊ ႏိုဝင္ဘာလ(၁၇)ရက္ မနက္ (၈)နာရီတြင္ စည္ပင္ဝန္ႀကီး ဦးစိုးထက္က ျပဳလုပ္ထားပါတယ္။

ဦးဝမၼသူးေမာင္းေၾကး႐ုပ္ကို ေဆာၿမိဳ႕ဘက္မွ မင္းတပ္ၿမိဳ႕အဝင္ အိုေအစစ္ဟိုတယ္အနီး ဦးဝမၼသူးေမာင္းပန္းၿခံ ၃ ဒသမ ၄၂ ဧကအက်ယ္အဝန္းေပၚမွာ တည္ေဆာက္မွာျဖစ္ပါတယ္။

ဦးဝမၼသူးေမာင္းေၾကး႐ုပ္ ႏွင့္ပန္းၿခံျပဳလုပ္ရန္ ၂၀၁၆ ခုႏွစ္ကစတင္လုပ္ေဆာင္ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးအစီအစဥ္ရပ္တန႔္ကာ အခုတဖန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး နဲ႔ ေဒသခံျပည္သူမ်ား ပူးေပါင္းကာ ျပန္လည္စီစဥ္ရျခင္းျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်