ဧဝံဂေလိတရားဟောဆရာအမှု ကယာကံရှင် မိန်းကလေးနှစ်ဦးအားဒီနေ့ အမှုစစ်မယ်

ဧဝံဂေလိတရားဟောဆရာရဲ့ အဓမ္မပြုကျင့်ခြင်းခံရတယ်လို့ယူဆရတဲ့ အသက် (၁၅)နှစ်အောက် မိန်းကလေးနှစ်ဦးဟာ ဒီနေ့ (ဇွန်လ ၂၂)နံနက် ၁၀ နာရီခန့်မှာ ကလေးခရိုင်တရားရုံးက ၎င်းတို့နှစ်ဦးကို အမှုစစ်မယ်လို့သိရပါတယ်။

“အရင်ပတ် ဇွန်(၈)ရက် ပထမရုံးချိန်းမှာ သူတို့ မိဘနှစ်ပါးကို အမှုစစ်ဆေးတယ်”လို့ တရာလို မိန်းကလေးဘက်မှ လိုက်ပါဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။

ကလေးမြို့နယ် လက်ပံချောင်းရွာမှာနေထိုင်တဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ်မှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ဧပြီလ(၁၃)ရက်တွင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@ Lar Boih ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(အားထုတ်မှု) တို့နဲ့ ကလေးခရိုင်တရားရုံးက မေလ (၁၁)ရက်မှာ တရားစွဲတင်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်