ကြားဖြတ်ရွေးကောက်ပွဲကြိုတင်မဲကို ပခုက္ကူတက္ကသိုလ်က ကန်ပက်လက်ကျောင်းသား တစ်ဝက်ကျော်ကမဲပေး

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပခုက္ကတက္ကသိုလ်မှာကျောင်းတက်နေတဲ့ ကန်ပက်လက်ကျောင်းသားတွေက ဒီနေ့(အောက်တိုဘာ ၃၁ရက်) ကြိုတင်မဲပေးကြတယ်လို့သိရပါတယ်။

ပခုက္ကူတက္ကသိုလ်က ကန်ပက်လက်ကျောင်းသူ၊သား ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၉၉)ဦးရှိတဲ့အနက် ကျောင်းသူ၊သား (၆၉)ဦးက လာရောက်မဲထည့်ကြတယ်လို့ ပခုက္ကူတက္ကသိုလ်က ဆရာမ ဟုန်းရောင်ထံကသိရပါတယ်။

ကြိုတင်မဲပေးတဲ့ချိန်က အောက်တိုဘာ(၃၁)ရက် နံနက်(၈း၃၀)နာရီကနေ ညနေ(၅)နာရီထိ ကျွန်းရွှေဝါခန်းမတွင်မဲပေးကြပါတယ်။

ဆရာမဟုန်းရောင်က “အစကတည်းက ကြိုတင်မဲပေးဖို့ကြေညာထားပေမယ့် အခုချိန်က စာမေးပွဲနဲ့တိုက်နေတော့ မဲလာမပေးတဲ့သူတွေ၊ မသိလိုက်တဲ့သူတွေလည်းရှိတယ်။ ကျမကတော့ တက်နိုင်သလောက် ကျမသိတဲ့ကျောင်းသားတွေကိုမဲပေးဖို့နှိုးဆော်ထားတယ်”လို့ပြောပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ (၁၂,၄၅၁)ဦးရှိတယ်လို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးစာရင်းအရသိရတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD, USDP, CNDP နဲ့ CPP ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်