ကရင်နီတွင် Starlink အင်တာနက် စတင်အသုံးပြု

ကယား (ကရင်နီ)ပြည်နယ်တွင် ကမ္ဘာကျော်သူဌေးကြီး Elon Musk ရဲ့ ကုမ္မဏီကလွှင့်တင်တဲ့ Starlink အင်တာနက် စတင်အသုံးပြုနေပြီဖြစ်ကြောင်း စစ်ပွဲပဋိပက္ခများကြား ပိတ်မိနေသူများကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် Free Burma Ranger (FBR)အဖွဲ့ တည်ထောင်သူ David Eubank က ဇွန်လ ၈ ရက်တွင် ပြောသည်။

David Eubank က “ငါတို့ အခု ၇၃ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်မှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် တိုက်ခိုက်မှုတွေ အကြီးအကျယ်ကြုံနေရတယ်။ လူသုံးသန်းလောက် ထွက်ပြေးနေရတယ်။ ရွာပေါင်းသုံးသိန်းလောက် စီးနင်းခံရတယ်။ ရွာအချို့ ဗုံးကြဲခံနေရတယ်။ ငါတို့ဆီမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူတွေများနေပြီ” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက လက်ရှိတွင် Starlink အင်တာနက် အသုံးပြုနိုင်နေပြီဖြစ်ပြီး ယခုကဲ့သို့ပံ့ပိုးပေးသည့် Elon Musk ကို ဘုရားသခင်ကောင်းချီးပေးပါစေဟု ဆုတောင်းကြောင်း ပြောသည်။

Starlink အင်တာနက်သည် အမေရိကန်လေကြောင်းအာကာသကုမ္ပဏီ SpaceX က လုပ်ဆောင်သော ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကျော်အတွက် ဂြိုလ်တုအင်တာနက်အသုံးပြုခွင့်ကို ပံ့ပိုးပေးထားသည်။

Zalen ad

Starlink ကို အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများ၏ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သော အီရန်နှင့် ရုရှား၏ ကျူးကျော်မှုခံနေရသည့် ယူကရိန်းတို့တွင် အသုံးပြုနိုင်ရန် SpaceX က ပံ့ပိုးထားသည်။

ယူကရိန်းနှင့် အီရန်တို့တွင် ဝန်ဆောင်မှုပေးပြီးနောက် မြန်မာနိုင်ငံသို့ Starlink အင်တာနက် ပံ့ပိုးကူညီပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်က Elon Musk အား ၂၀၂၂ ခုနှစ်တွင် တောင်းဆိုခဲ့ဖူးသည်။

Credit: Irrawaddy

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်