ကလေးတက္ကသိုလ်မှ ချင်းကျောင်းသူ၊သား နှစ်ဦး ပညာသင်ထောက်ပံ့ကြေးပေးမယ်

ကလေးတက္ကသိုလ်မှ ချင်းကျောင်းသူ၊သား နှစ်ဦး ပညာသင်ထောက်ပံ့ကြေးပေးမယ်

ချင်းပြည်နယ်မှ ကလေးတက္ကသိုလ်သို့ ကျောင်းတက်မယ့် ကျောင်းသူ၊သား နှစ်ဦးကို The Hills Scholarship က လေးနှစ်ကြာ(၂၀၁၉-၂၀၂၃) ပညာသင်ထောက်ပံ့ကြေးအပြည့်အဝပေးအပ်မှာဖြစ်ပါတယ်။

ပညာသင်ထောက်ပံ့ကြေး တစ်နေရာကို ကျောင်းသူအတွက် သီးသန့်လျာထားပြီး အခြားတစ်ခုကိုမူ ဘယ်သူမဆို လျောက်ထားနိုင်ထားနိုင်ပါတယ်။

ပညာသင်ထောက်ပံ့ကြေးပေးမယ့် ဘာသာရပ်တွေကတော့ Myanmar, English, History, Geography, Philosophy နဲ့အခြားဘာသာရပ်မှ ကျောင်းသူ၊သားတွေလျှောက်ထားနိုင်ပါတယ်။

Zalen ad

The Hills Scholarship ကိုစီစဉ်တဲ့ ဟားခါးအခြေစိုက် Chinbridge ကျောင်းမှဦးဆောင်သူ ဆလိုင်းဗန်ကျူံးလျန်က “လျှောက်ထားမယ့်သူက ဒေးကျောင်းသားဖြစ်ရမယ်။ စာတော်တဲ့ကလေးဖြစ်ရမယ်။ မိဘတွေချို့တဲ့သူနဲ့ တက္ကသိုလ်မတက်ဖူးတဲ့သူဖြစ်ရမယ်။ ပြီးတော့ ချင်းပြည်နယ်နဲ့နယ်နမိတ်ထိစပ်တဲ့ မြို့တွေက ချင်းကျောင်းသားတွေလည်း လျှောက်ထားနိုင်တယ်။ အဓိကတော့ ကျောင်းပြီးရင် ချင်းပြည်နယ်မှာ ပြန်ပြီးအလုပ်လုပ်မယ့်သူကို ဦးစားပေးရွေးချယ်မယ်။ ထောက်ပံ့ကြေးတွေကတော့ ကျောင်းလခ၊ အဆောင်ငှားခ၊ နေ့စဉ်စားသောက်စရိတ်တွေ၊ ရွာကနေ ကျောင်းထိသွားမယ့်ခရီးစရိတ်၊ ကျန်းမာရေးစောင့်ရှောက်ခတွေလည်းပါတယ်။ အခြေခံလိုအပ်ချက်တွေအကုန်လုံးထောက်ပံ့မယ်။ ဒီနှစ်ပဲစတာဆိုတော့ တခြား TU, နဲ့ KU ကျောင်းသူ၊သားတွေတော့ မပေးနိုင်သေးဘူး ” လို့ပြောပါတယ်။

လျှောက်လွှာကို ဇွန်လ (၃)ရက်ကနေ ဇူလိုင်လ (၃၁)ထိ လက်ခံမှာဖြစ်ပြီး စိတ်ဝင်စားပါက https://www.thehillseducation.com/copy-of-our-scholarship?fbclid=IwAR03Sl-uLi7V-9JyAGuvrqpPwTnKGuyLBNtLJZsmxvPeOoDIU1Xm9YmM8z8 မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခါးကျီးပေါင်းကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရ

မတ် ၂၃ ၊ ၂၀၂၆Zalen အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညှပ်တဲ့ ဝေဒနာပြင်းပြင်းထန်ထန် ခံစားခဲ့ရလို့ အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီခွဲစိတ်မှုကို ပြီးခဲ့တဲ့ မတ်လ ...

ဆက်ဖတ်ရန်