ကလေးမြို့မှာ ကလေး ၅ ယောက်မိခင်တစ်ဦး ကြိုးဆွဲချသေဆုံး

ကလေးမြို့မှာ ကလေး ၅ ယောက်မိခင်တစ်ဦး ကြိုးဆွဲချသေဆုံး

ကလေးမြို့ တာဟန်းရပ်ကွက်တွင် ကလေး ၅ ယောက်မိခင် ဒေါ်ကျိမ်ဝိုက်ဒိမ်- Cing Huai Dim (၃၂ နှစ်)ဟာ ဇူလိုင်လ ၁၃ ရက် မနက်တွင် ကြိုးဆွဲချသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

၎င်းဟာ ကလေးမြို့နယ် ကြို့သုံးပင်ရပ်ကွက်မှာနေထိုင်တဲ့သူပြီး ယခုလို မိမိကိုယ်ကိုယ်သေကြောင်းကြံစဉ်တဲ့ အကြောင်းရင်းကိုတော့မသိရပါ။

တာဟန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇမ်ဒိုးနန်က “ဒီကိစ္စကို ကျနော့်ဆီဖုန်းဆက်လာတာက မနက် ရး၅၈ မိနစ်မှာပါ။ သူက တာဟန်း နယ်မြေ ၉ လမ်းဘေးတစ်နေရာက သရက်ပင်မှာ သံကြိုးနဲ့ဆွဲချတာ။ မနက်ပိုင်းမှာ သူတို့အရင်ကနေခဲ့တဲ့ မွန်လိုင်ရပ်ကွက်အိမ်ခြံပေါ်ကသံကြိုးယူသွားတာ အိမ်ရှင်ကတွေ့တယ်တဲ့” လို့ပြောပါတယ်။

ဇူလိုင် ၁၄ ရက်တွင်လည်း ကလေးမြို့နယ် သာစည်ကျေးရွာအုပ်စု၊ မြောင်းလှကျေးရွာတွင် အသက် ၄၀ အရွယ် ဦးထွန်းမင်းဦးဟာ ရွာအထွက်သစ်ပင်တွင် ကြိုးဆွဲချသေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်