ခရစ္စမတ်မတိုင်မီ ဖလမ်းမြို့သစ်စီမံကိန်းအတွင်း မြေကွက် (၅၀၀)ရောင်းချမယ့်အစီအစဉ် မဖြစ်နိုင်သေး

ဖလမ်းမြို့သစ် စီမံကိန်းဧရိယာအတွင်းရှိ မြေကွက် (၅၀၀)ကျော်ကို ခရစ္စမတ်လက်ဆောင်အနေနဲ့ ပြည်သူထံ ရောင်းချရန် ရည်ရွယ်ထားပေမယ့် လမ်းဖောက်လုပ်မှုမပြီးစီးနိုင်သဖြင့် ဒီနှစ်အတွင်း မြေကွက်ရောင်းချနိုင်မဖြစ်နိုင်သေးကြောင်း သတင်းရရှိပါတယ်။

ဖလမ်းမြို့နယ် စည်ပင်ကော်မတီဝင် ဦးလျန်ထန်က “အစမှာတော့ ဝန်ကြီးချုပ်က ခရစ္စမတ်လက်ဆောင်အနေနဲ့ ခရစ္စမတ်မတိုင်ခင် မြေကွက် ၅၀၀၊ တစ်ထောင်လောက်ရောင်းချနိုင်ဖို့စီစဉ်ထားပေမယ့် အခုတော့ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း အလယ်တည့်တည့်မှာ လမ်းကြောင်း နှစ်နေရာဖြတ်ဖို့ရှိတယ်။ စိုက်ပျိုးရေးကျောင်းဖြတ်ဖို့ အခုပြည်ထောင်စုအစိုးရဆီမှာ ခွင့်ပြုချက်တောင်းရမှာဆိုတော့ ကြာအုံးမယ်။ လမ်းဖောက်တာက စိုက်ပျိုးရေးကျောင်းရဲ့ ခြံစည်းရိုးနံရံမှာရောက်နေပေမယ့် ရပ်နားထားတယ်” လို့ပြောပါတယ်။

ဒီနှစ် ဇူလိုင်လက စပြီး ကုမ္ပဏီပိုင်ရှင်တွေရဲ့ အလှူနဲ့ ဖလမ်းမြို့သစ်စီမံကိန်း ဧရိယာထဲက လမ်း အူကြောင်း (၁၃)လမ်း စတင်ဖောက်လုပ်ပြီး အခုချိန်မှာတော့ ၉၀ ရာခိုင်နှုန်းဖောက်လုပ်ပြီးစီးနေပြီလို့သိရပါတယ်။

Zalen ad

ဒီနှစ်မကုန်ခင် ဖလမ်းမြို့သစ်မှာ မြေကွက် ၅၀၀ ရောင်းချနိုင်ဖို့စီစဉ်

ဖလမ်းမြို့တွင် ရပ်ကွက် (၄)ခုရှိပြီး မြို့သစ်ဧရိယာတွင် လုံပီရပ်ကွက်၊ ဇာလိုင်ရပ်ကွက်၊ လိုင်လိုရပ်ကွက်၊ နဲ့ လိုင်ဇိုးရပ်ကွက်ဟု၍ ရပ်ကွက် (၄)ခုရှိကာ ၈၂၂၇ ဧကကျယ်ပါတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ ဗားရ်တံတားအနီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့်နေအိမ်အချို့ပျက်စီး

မတ် ၁၄ ၊ ၂၀၂၆ Zalen ၂၀၂၃ခုနှစ် ဧပြီလဆန်းထဲက ချင်းအမျိုးသားကာကွယ်ရေး(CNDF)တပ်ဖွဲ့ တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ် ဗားရ်တံတားအနီးရှိ ကျေးရွာစခန်းကို ယမန်နေ့ မတ်လ ၁၃ရက် နံနက်ပိုင်း ၁၁နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ...

ဆက်ဖတ်ရန်