ချင်း၊ ကရင် စစ်သားတွေအကြောင်း ရုပ်သံမှတ်တမ်းကို လန်ဒန်မြို့မှာ ပထမအကြိမ်ပြသ

ဒုတိယကမ္ဘာစစ် ဗြိတိသျှစစ်သားဟောင်း ချင်းအမျိုးသားနှစ်ယောက်ကို တွေ့ရစဉ်

ချင်း၊ ကရင် စစ်သားတွေအကြောင်း ရုပ်သံမှတ်တမ်းကို လန်ဒန်မြို့မှာ ပထမအကြိမ်ပြသ

ဒုတိယကမ္ဘာစစ်ကာလ ဗြိတိသျှစစ်တပ်ကို ကူညီခဲ့တဲ့ ချင်း နဲ့ ကရင်စစ်သားတွေအကြောင်းရိုက်ကူးထားတဲ့ အမေ့လျော့ခံ မဟာမိတ်စစ်သားများ ရုပ်သံမှတ်တမ်းကို ဒီည လန်ဒန်မြို့ အမျိုးသားတပ်မတော်ပြတိုက်တွင် ပြသပါတယ်။

ဒီရုပ်သံမှတ်တမ်းဟာ ၂၀၁၇ ခုနှစ်တုန်းက F4FA (Help for Frogotten Allies) အဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံသို့လာရောက်ပြီး ရိုက်ကူးထားတဲ့ ၄၅ မိနစ်စာ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။ ဒီအစီအစဉ်ပြီးရင် History Hit TV မှာဆက်လက်ပြသသွားဖို့ရှိပါတယ်။ ဒီရုပ်သံမှတ်တမ်းဟာ We Were King ဆိုတဲ့ ကုန်ဘောင်မင်းဆက်နောက်ဆုံးဘုရင် သီပေါမင်းအကြောင်းနဲ့ ပတ္တမြားငမောက်အကြောင်းတွေကို ရိုက်ကူးတင်ဆက်တဲ့ Grammar Productions ကနေ မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

ဒီရုပ်သံမှတ်တမ်းကို သွားရောက်ကြည့်ရှုတဲ့ ချင်းသမိုင်း သုတေသီ ဆလိုင်းဗန်ကျူံးလျန် (UK) က“အင်္ဂလိပ်တွေအနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖြစ်ပျက်ခဲ့တဲ့ဟာတွေ ရုပ်သံ၊ ဗီဒီယို ရိုက်တာ ထောင်ကျော်ရှိတယ်။ ဒါပေမယ့် သူတို့လူမျိုးအကြောင်း တွေကိုဘဲ ဦးစားပေးရိုက်လေ့ရှိတယ်။ သူတို့ကိုကူညီခဲ့တဲ့သူတွေကို လျစ်လျူရှုလေ့ရှိကြတယ်။ ၂၀၁၇ မှာ Dunkirk ဆိုတဲ့ကားရုံတင်တဲ့အချိန်မှာ သူတို့ကို ကူညီခဲ့တဲ့ အိန္ဒိယသားတွေအကြောင်း မပါဘူးဆိုပြီး တချို့က လူမှုကွန်ရက်မှာ ဝေဖန်ကြတယ်။ တချို့ကလည်း စာနာစိတ်ရှိပြီး သူတို့ရဲ့အရေးကို ထည့်သင့်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် အများစုကတော့ .. ဒါငါတို့ရဲ့သမိုင်း .. ခင်ဗျားတို့ သမိုင်းသမိုင်းရိုက်ချင်ရင် ကိုယ့်ဟာကိုယ်လုပ်ကြပါလား .. ဆိုတဲ့ တုန့်ပြန်မှုတွေ တော်တော်များများတွေ့ရတယ်။ ယူကေနိုင်ငံမှာ ဘယ်သွားသွား .. မြို့တိုင်း .. ရွာတိုင်း … လိုလိုမှာ .. စစ်းကြီးအတွင်း သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်မှတ်တိုင်တွေတွေ့ရတယ် … လူတွေအတွက်သာမက .. စစ်ကြီးအတွင်း သူတို့ကို ကူညီခဲ့တဲ့တိရစ္ဆာန်တွေ (မြင်း ) တောင်မှ သူတို့ ဂုဏ်ပြုခဲ့ကြတယ်။ မဟာမိတ်ဘက်က .. ခင်ဗျားတို့ တိရစ္ဆာန်တောင်မှ အောက်မေ့ဖွယ်ရာ ဂုဏ်ပြုမှတ်တိုင်တွေ လုပ်နိုင်တာ .. ဘာဖြစ်လို့ ခင်ဗျားတို့အတွက် အသက်ပေါင်းများစွာ စတေးခဲ့ကြတဲ့ (လူဖြူမဟုတ်တဲ့) မဟာမိတ်စစ်သားတွေအတွက် အသိအမှတ်ပြုတာ .. ဂုဏ်ပြုတာမလုပ်နိုင်တာလဲ ဆိုပြီး ပြောလေ့ရှိကြတယ်။ ဒီကြားထဲ မမျှော်လင့်ဘဲ Grammar Productions ကနေ မဟာမိတ်စစ်သားတွေကို ဂုဏ်ပြုတဲ့ ရုပ်သံမှတ်တမ်း ထုတ်လွှင့်နိုင်ခြင်းအပေါ် ဝမ်းသာပီတိဖြစ်မိပါတယ်” လို့ပြောပါတယ်။

လက်ရှိမှာ မြန်မာပြည်အတွင်းက ဒုတိယကမ္ဘာစစ်ကာလ စစ်သားတွေနဲ့ ၎င်းတို့ဇနီးတွေကို ၂၀၁၇ ခုနှစ်ကစပြီး တစ်နှစ် ကျပ် နှစ်သိန်းနဲ့ F4FA (Help for Frogotten Allies) ကထောက်ပံ့ကူညီနေပါတယ်။ ချင်းလူမျိုးတွေထဲမှာ ဒုတိယကမ္ဘာစစ်ကာလ စစ်သားဟောင်းတွေ ၁၀ ဦးအသက်ရှင်လျက်ရှိပြီး စစ်သားဟောင်းတွေဇနီးသာအသက်ရှင်တာကတော့ ၁၀၀ ကျော်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။ Zalen မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက ...

ဆက်ဖတ်ရန်