ချင်းအဖွဲ့အစည်းများအနေနဲ့ မီဇိုရမ်အစိုးရကို တစ်ယောက်တစ်ပေါက်လာမတွေ့ဖို့ ဝန်ကြီးချုပ်ပြောကြား

၂၉၊ ဇွန်လ၊၂၀၂၄

Zalen

မြန်မာဘက်က အဖွဲ့အစည်းများ၊ မဏီပူရ်မှာရှိကြတဲ့ ချင်း (ဇိုး) အဖွဲ့အစည်းများအနေနဲ့ မီဇိုရမ်အစိုးရကို တစ်ယောက်တစ်ပေါက် လာမ‌ေတွ့ကြဖို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာက မနေ့ဇွန်လ ၂၈ ရက်ကပြောပါတယ်။

မီဇိုတော်လှန်ရေးတပ်ဖွဲ့ (‌MNF) နဲ့ အိန္ဒိယအစိုးရကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုတဲ့ ၃၈နှစ်မြောက် ငြိမ်းချမ်းရေးနေ့အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ၎င်းတို့ဟာ ၁၉၆၆ ခုနှစ်ကစပြီး ၁၉၈၆ ခုနှစ်ထိ နှစ် ၂၀ ကြာ အိန္ဒိယအစိုးရထံကနေ ခွဲထွက်ဖို့တော်လှန်ရေးခဲ့ပါတယ်။

“ချင်းပြည်နယ်အတွင်းမှာ ရှိတဲ့အဖွဲ့အစည်း အသီးသီးဘဲဖြစ်ဖြစ် မဏီပူရ်မှာရှိကြတဲ့ ချင်း(ဇိုး) လူမျိုးတွေပဲ ဖြစ်ဖြစ် ကျွန်တော်တို့ကို တစ်ယောက်တစ်ပေါက်လာမတွေ့ကြပါနဲ့။ အချင်းချင်းစည်းလုံးကြပါ။တစ်ဖွဲ့တည်း ဖြစ်နိုင်အောင်လုပ်ကြပါ။”လို့ ပြောကြားခဲ့ပါတယ်။

အမေရိကအခြေစိုက် ချင်းအရပ်ဖက်အဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်းနဲ့ ချင်းပြည်နယ်အတွင်းလက်နက်ကိုင်အဖွဲ့တွေ၊ မဏီပူရ်က ကူကီးနဲ့ဇိုမီးကိုယ်စားလှယ်တွေက မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ထံ တစ်ဖွဲ့ချင်းသွားရောက်တွေ့ဆုံလျက်ရှိပါတယ်။

ဒီအချိန်ဟာ ချင်း(ဇိုး) လူမျိုးများ နေထိုင်ကြတဲ့ ဒေသအသီးသီးမှာ ပဋိပက္ခပေါင်းစုံးဖြစ်ပွားနေတာကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်ရဲ့အလိုတော်အတိုင်း ချင်း(ဇိုး)လူမျိုးများအားလုံး ပြည်လည်ပေါင်းစည်းရေး လမ်းအစ ဖြစ်နိုင်ကြောင်း၊ဒါ့ကြောင့် မဏီပူရ်မှာ ရှိကြတဲ့ ချင်း(ဇိုး) လူမျိုးများဖြစ်ဖြစ် ချင်းပြည်နယ်မှာရှိကြတဲ့ ချင်း (ဇိုး) လူမျိုးများဖြစ်ဖြစ် စည်းလုံးညီညွတ်ဖို့ မှာကြားထားပါတယ်။

“ကျွန်တော်တို့ ချင်း(ဇိုး) လူမျိုးများနေထိုင်ကြရာ ဘင်္ဂလားဒေ့ရှ် ၊ မဏီပူရ် နဲ့ ချင်းပြည်နယ်တို့မှာ ပဋိပက္ခတွေ ဖြစ်နေတာကြောင့် မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင် ၄၄၀၀၀ ကျော်ခိုလှုံနေကြတယ်။ဒါတွေကို ကြည့်ရင် ကျွန်တော်တို့ ချင်း(ဇိုး) လူမျိုးများအားလုံး ပြည်လည်ပေါင်းစည်းပြီး အုပ်ချုပ်မှုတစ်ခုအောက်မှာပြန်နေဖို့ ဘုရားသခင်ရဲ့ လမ်းအစဖြစ်နိုင်ပါတယ်။ဒါကြောင့် မဏီပူရ်ကပဲဖြစ်ဖြစ် ချင်းပြည်နယ်ကပဲဖြစ်ဖြစ် စည်းလုံး ကြပါလို့ပြောချင်ပါတယ်။”လို့ ပြောကြားသွားပါတယ်။

အဲဒီလိုစည်းလုံးနိုင်ရင် အုပ်ချုပ်မှုတစ်ခုအောက်ကို သွားနိုင်မှာဖြစ်တဲ့ အကြောင်း၊ ဒီကိစ္စရပ်က ဘယ်နေ့ဘယ်အချိန်ဖြစ်လာမယ်ကို မသိနိုင်တာကြောင့် ကျွန်တော် တို့က ဒီဟာကို မမှီတော့ရင်တောင် လူငယ်တွေအနေနဲ့ ဒီကနေ့ မှာကြားချက်တွေကို အမြဲတမ်း အမှတ်ရနေဖို့နဲ့ ဆက်လက်ဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ်က မှာကြားထားပါတယ်။

ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာ ဟာ ZORO အဖွဲ့ဝင်ဖြစ်ပြီး ZORO ဟာ ဗြိသိသျှအစိုးရရဲ့နယ်မြေပိုင်းခြား မှုကြောင့် အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတို့မှာ အသီးသီးနေထိုင်ကြတဲ့ ချင်း(ဇိုး) လူမျိုးများအားလုံး ပြန်လည်ပေါင်းစည်းကာ အောက်ချုပ်မှုတစ်ခုအောက်ကို ရောက်နိုင်ဖို့ရည်မှန်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါ တယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ချင်းလက်နက်ကိုင် အချင်းချင်းကြားက ပဋိပက္ခများကို အမြန်ဆုံးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြဖို့ ဂျပန် နဲ့ တောင်ကိုးရီးယားရောက် ချင်းလူငယ်များတိုက်တွန်း

၁၊ဇူလိုင်၊၂၀၂၄ Zalen ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အဓိက တော်လှန်ရေးလက်နက်ကိုင်များဖြစ်ကြတဲ့ ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်တို့ကြားမှာ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခများကို အမြန်ဆုံးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာ ကြ ဖို့ ဂျပန်နဲ့ တောင်ကိုးရီးယားရောက် ချင်းလူငယ်များက ဇွန်လ ၃၀ ရက်မှာ တိုက်တွန်းထားပါတယ်။ ...

ဆက်ဖတ်ရန်