စက္ကန့်ရွာနား ဇီးချောင်းကြိုးတံတားထိုးဖို့ ငွေကြေးအခက်အခဲနဲ့ကြုံ

ကလေးမြို့နယ် ရှားတောရွာနဲ့ စက္ကန့်ရွာကြား ဇီးချောင်းကြိုးတံတားထိုးဖို့ ငွေကြေးအခက်အခဲနဲ့ကြုံတွေ့နေရကြောင်းသတင်းရရှိပါတယ်။

ဇွန်လ (၂၀)ရက်မှာ ယာယီတံတားကို ရှားတောရွာ PCM အသင်းတော်ရဲ့အလှူငွေနဲ့ ကိုယ်ထူကိုယ်ထတည်ဆောက်ထားပြီး မိုးများတဲ့ချိန်မှာ ခံနိုင်မယ်မဟုတ်ပါ။ ဒါကြောင့် အရှည် ပေ(၂၀၀) အကျယ် (၄)ပေရှိတဲ့ ကြိုးတံတားကို တည်ဆောက်ဖို့ ရှားတောရွာသားတွေပြင်ဆင်နေပါတယ်။ ဒီကြိုးတံတားတည်ဆောက်ဖို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက သိန်း(၅၀)ထောက်ပံ့ထားပြီး လိုအပ်တဲ့ သိန်း(၅၀)ကို ရွာသားတွေနဲ့အခြားအလှူငွေတွေဆီ အကူအညီတောင်းမယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

အိန္ဒိယ သန်ခေါင်စာရင်းမှာ မြန်မာစစ်ရှောင်များကိုလည်းထည့်သွင်းရေတွက်မယ်

ဧပြီလ ၁၆၊ ၂၀၂၆ Zalen လက်ရှိကောက်ယူနေတဲ့ အိန္ဒိယ သန်ခေါင်စာရင်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်ခိုလှုံကြတဲ့ စစ်ရှောင်များကိုပါ ထည့်သွင်းရေတွက်သွားမယ်လို့သိရပါတယ်။ မီဇိုရမ်ပြည်နယ် သန်ခေါင်စာရင်း မှာလည်း အိမ်နီးချင်း ပြည်နယ် ...

ဆက်ဖတ်ရန်