စစ်ဘေးရှောင်တွေတွက် မင်းတပ်မှာ အလှူငွေ (၃၆)သိန်းကျော်ရရှိ

စစ်ဘေးရှောင်တွေတွက် မင်းတပ်မှာ အလှူငွေ (၃၆)သိန်းကျော်ရရှိ

ပလက်ဝမြို့နယ် စစ်ဘေးရှောင်ပြည်သူတွေတွက် မင်းတပ်မြို့မှာ ဇွန် (၁၃)ရက်နဲ့ (၁၄) ရက်တွင် တစ်အိမ်တက်ဆင်းအလှူငွေကောက်ခံရာ စုစုပေါင်း အလှူငွေ (၃၆,၀၈,၅၅၀) ကျပ်တိတိ ကောက်ခံရရှိပါတယ်။

ပထမနေ့တွင် အလှူငွေ ၁၇,၇၈,၈၀၀ ကျပ်၊ ဒုတိယနေ့တွင် အလှူငွေ ၁၇,၂၄,၅၅၀ ကျပ် ရရှိထားပါတယ်။ Mindat Volunteer Group အဖွဲ့ကအလှူငွေကောက်ခံတာဖြစ်ပါတယ်။

အလှူငွေကောက်ခံရာတွင်ပါဝင်တဲ့ ဆလိုင်းမန်ဟုန်းက “မင်းတပ်က ၂ ယောက် သွားဖို့တော့ စီစဉ်ထားကြတယ်။ နေ့ မသတ်မှတ်ရသေးဘူး။ အလှူကတော့ ခုထိ လက်ခံဆဲ နောက်ဆက်ပြီး အလှူခံဖို့လဲ အစီအစဉ်တွေရှိသေးတယ်။ ဇွန်လ လကုန်ပိုင်း သွားနိုင်အောင်တော့ ဆွေးနွေးထားကြတယ်။ ပစ္စည်းက အများကြီးတော့ မရသေးဘူး။ တစ်ဦးချင်းပေးတဲ့ ၊ အမျိုးသမီးအသုံးဆောင်ပစ္စည်း၊ အိုးခွက်ပုကန် ၊အဝတ်အထည်၊ စောင်၊ဘသွားတိုက်တံ ၊ဆန်၊ စတာတွေတော့ ရထားတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်