စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ပြည်သူ ၂၈၁ ဦးသေဆုံးခဲ့တယ်လို့ ကုလအစီရင်ခံစာဖော်ပြ

ချစ်ခြင်းနွေ

၂၇၊ စက်တင်ဘာ၊ ၂၀၂၃

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် တစ်ထောင်နီးပါး တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်သူ အနည်းဆုံး ပြည်သူ  ၂၈၁ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ စက်တင်ဘာလ အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒီအစီရင်ခံစာကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၁ ရက်ကနေ အောက်တိုဘာ ၆ ရက်နေ့အထိကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၅၄) ကြိမ်မြောက် အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR က တင်ပြထားတာဖြစ်ပါတယ်။

Zalen ad

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃၀၁ ကြိမ်၊ ၂၀၂၂ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ လေကြောင်းတိုက်ခိုက်မှု  ၆၈၇ ကြိမ် စုစုပေါင်း ၉၈၈ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကုသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအလယ်ပိုင်း ဒေသတွေမှာ ပြည်သူ ၂၁၆ ဦးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးက စစ်ကိုင်းတိုင်းမှာဖြစ်ပြီး  ၂၅၈ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ ပြည်သူ ၂၅ ဦး၊ အရှေ့တောင်ပိုင်းမှာ ပြည်သူ ၂၁ ဦးနဲ့ အရှေ့မြောက်ပိုင်းမှာ ပြည်သူ ၁၉ ဦးသေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေဟာ အာဏာသိမ်းပြီးတစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု နဲ့နှိုင်းယှဉ်ရင် သိသိသာသာမြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်