စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခါးကျီးပေါင်းကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရ

မတ် ၂၃ ၊ ၂၀၂၆
Zalen

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညှပ်တဲ့ ဝေဒနာပြင်းပြင်းထန်ထန် ခံစားခဲ့ရလို့ အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီခွဲစိတ်မှုကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံက ပါရဂူတွေနဲ့ မြန်မာစစ်တပ် ဆေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး နှစ်နာရီကြာအောင် ခွဲစိတ်ခဲ့ရတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ခွဲစိတ်မှု အောင်မြင်သွားပြီဖြစ်လို့ နိုင်ငံ့တာဝန်တွေကို ကျန်းမာစွာနဲ့ ပြန်လည်ထမ်းဆောင်နေပြီလို့ စစ်တပ်ဘက်က ဆိုပါတယ်။

Zalen ad

စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီးကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ။

အခုလို ကျန်းမာရေး သတင်းထုတ်ပြန်ချက်ဟာ သူ လူမြင်ကွင်းက ပျောက်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

စစ်ခေါင်းဆောင်ဟာ လာမယ့် ဧပြီလမှာ စစ်ယူနီဖောင်းချွတ်ပြီး သမ္မတအဖြစ် အာဏာကိုဆက်လက်ချုပ်ကိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်ကတည်းက အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကနေ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လွှဲပြောင်းရယူခဲ့သူလည်း ဖြစ်ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်တဲ့ (RSV) နဲ့ ပတ်သက်ပြီး သိထားသင့်သောအချက်များ ==== မတ် ၂၃၊ ၂၀၂၆ Zalen အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်တဲ့ Respiratory Syncytial Virus (RSV) ဟာ ကမ္ဘာတဝန်းတွင် အထူးသဖြင့် ...

ဆက်ဖတ်ရန်