ဇူလိုင်လအတွင်းမှာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက KIA ကိုဦးတည်တိုက်ခိုက်

သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ KIO/KIA ကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း Burma Affairs & Conflict Study က တွေ့ရှိကြောင်းထုတ်ပြန်ထားတယ်။

စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြထားသည်မှာ ဇူလိုင်လအတွင်းက KIA ရဲ့ လိုင်ဇာဌာနချုပ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒီအချိန်မှာ ” KIA ခေါင်းဆောင်တွေ လိုင်ဇာကနေ ထွက်ပြေးသွားပြီ”၊ “ဝါရာဇွပ် ပြည်သူစစ်တွေက KIA ကို နှိမ်နင်းလိုက်ပြီ” ဆိုတာမျိုးတွေကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေက အများဆုံး ဝါဒဖြန့်ခဲ့ကြပါတယ်။

“တကယ့်မြေပြင်ဖြစ်ရန်မှန်ကတော့ လိုင်ဇာတိုက်ဖို့ ထွက်သွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေဟာ လမ်းတဝက်မှာတင် ဖြတ်ပြီးတိုက်ခိုက်ခံရတာပါ။ လိုင်ဇာလည်း ကျမသွားခဲ့သလို KIA ခေါင်းဆောင်တွေကလည်း လိုင်ဇာကနေ ထွက်ပြေးတာ မရှိခဲ့ပါဘူး”လို့ Burma Affairs & Conflict Study ကဖော်ပြထားပါတယ်။

စစ်ကောင်စီချန်နယ်တွေ အဓိက တိုက်ခိုက်နေတဲ့ အကြောင်းအရာတွေကတော့ တော်လှန်ရေးအင်အားစုများနဲ့ တော်လှန်ရေးဘက်တော်သားတွေကို သွေးခွဲရေးသားတာ၊ PDF တွေ လက်နက်ချအညံ့ခံတဲ့ သတင်းမှားတွေ၊ PDF တွေကြောင့် မငြိမ်မသက် ဖြစ်နေရတယ် ဆိုတဲ့ ဝါဒဖြန့်မှုတွေအပါအဝင် တော်လှန်ရေးဘက်တော်သားတွေကို ဖမ်းဆီးခိုင်းတာတွေဖြစ်ပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးဘက်တော်သားတွေကို သတင်းအတုများနဲ့ ပုံဖျက်တိုက်ခိုက်တာ အများဆုံးပြုလုပ်နေတာ တွေ့ရပါတယ်။ တခါတရံမှာ သတင်းအချက်အလက်အမှန်တွေကို အခြေခံပြီး လိုသလို ဇာတ်ကြောင်းပြောင်းကာ တိုက်ခိုက်ခဲ့ကြပါတယ်။

ဇူလိုင်လအတွင်းမှာတော့ ဝါဒဖြန့်မှု ၇၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒီထဲမှာ လူကြည့်အများဆုံးက Ko Thet ချန်နယ်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်