တိုက်ပွဲကြောင့် ပလက်ဝ – အိန္ဒိယ ကားလမ်းဖောက်လုပ်မှု ရပ်နား

ပလက်ဝမြို့ကနေ ကုလားတန်မြစ်တဖက်ကမ်းက ပလက်ဝ – ဇိုရမ်ပွီး ကားလမ်းမကြီးဖောက်လုပ်နေတာ တွေ့ရစဉ် (ဓာတ်ပုံ – Salai Lal Nun Uk)

တိုက်ပွဲကြောင့် ပလက်ဝ – အိန္ဒိယ ကားလမ်းဖောက်လုပ်မှု ရပ်နား

ပလက်ဝမြို့နယ်တွင် တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယ ဇိုရမ်ပွီးကြားကားလမ်းဖောက်လုပ်မှုကို ဇွန်လ ဆန်းကစပြီး ယာယီရပ်နားထားပါတယ်။

ယင်းစီမံကိန်းဟာ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအတွက် အိန္ဒိယကူညီတည်ဆောက်ထားတဲ့ ကုလားတန်စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ပလက်ဝ – ဇိုရမ်ပွီးကားလမ်းမဟာ ကီလိုမီတာ ၁၂၉ (မိုင် ၈၀ ကျော်)ရှည်လျားပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းပြီးဆုံးဖို့ရည်မှန်းထားပါတယ်။

ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်က “အေအေက စီမံကိန်းလမ်းပေါ်မှာ ဝင်၊ထွက်နေလို့ လုံခြုံရေးစိတ်မချလို့ ရပ်ရတာပါ။ ဘာလို့လဲဆိုတော့ အိန္ဒိယနိုင်ငံသားတွေ တစ်ခုခုဖြစ်ရင် ကျနော်တို့မှာ တာဝန်ရှိတယ်လေ။ ပြည်တွင်းကုမ္မဏီတွေဆိုရင်နားတာကြာပြီ။ ကုမ္မဏီတွေက ကီလိုမိတာ ၄၅ မှာစခန်းချပြီး ကီလိုမီတာ ၆၀ ကနေအပေါ်ကိုဆက်မတိုးနိုင်တော့ဘူး။ ဘယ်တော့ပြန်စမလဲဆိုတာ ပြောလို့မရသေးဘူး။ နိုင်ငံရေးအခြေအနေပေါ်မူတည်တယ်။ လုပ်ငန်းပြီးဆုံးမှုလို့ဆိုရင် မြေသားလမ်းဖောက်ဖို့တောင် ၄ ပုံထဲမှာ ၁ ပုံပဲပြီးသေးတယ်။ မြေသားလမ်းလုပ်ပြီးရင် နိုင်လွန်ကတ္တရာခင်းဖို့ရှိသေးတယ်လေ” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်