ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တပ်ရင်းမှူး၊ ဒုရင်းမှူးများ အပါဝင် (၇၀)ကျော် သေဆုံး

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသောအင်အားရာချီရှိ စစ်ကောင်စီတပ်တို့ ၇၀ ကျော် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)-နေပြည်တော် တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီမော့ဆိုမြို့နယ်-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးလာသော အင်အား ၅၀၀ ကျော်ရှိအဆိုပါစစ်တပ်ကို ပြီးခဲ့သည့် သြဂုတ် ၂ ရက်မှစတင်ကာ ဒေသခံပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မဟာမိတ်ပူးပေါင်းတပ်ဘက်ကတော့ ၂ ယောက်ကျဆုံးပြီး ၅ ယောက်ဒဏ်ရာရတယ်။ သူတို့ဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူးအပါ ၇၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်။ လေကြောင်းပစ်ကူနဲ့လည်း တိုက်ခိုက်တယ်။ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲပါ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)-နေပြည်တော် ခေါင်းဆောင် ဗိုလ်တေဇက သြဂုတ် ၃၀ ရက်၊ ညနေပိုင်းမှာ MPA သတင်းဌာန သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တိုင်းခရိုင်မြို့နယ်များမှ DMO Local PDF တပ်ရင်း(၁)၊ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့နှင့် မဟာမိတ်ပြု ပူးပေါင်း၍ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ဦးဆောင်မှုဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Zalen ad

ထို့အ​ပြင် အဆိုပါစစ်ကောင်စီတပ်ထံမှ လက်နက် ခဲယမ်း မီးကျောက်နှင့် အသုံးအဆောင်ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)-နေပြည်တော် က ထုတ်ပြန်ထားသည်။

အထိနာသော အဆိုပါစစ်ကြောင်းမှာ ရှေ့ဆက်တိုးလျက်ရှိနေပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပေးမည့်အရိပ်အယောင်များရှိနေသည့်အပြင် လေကြောင်းပစ်ကူအားကိုးဖြင့် ရှေ့ဆက်တိုးလျက်ရှိနေသ​ဖြင့် ယနေ့ သြဂုတ် ၃၀ ရက်မှာလည်း တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဗိုလ်တေဇ က ပြောသည်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်